ရှမ်းပြည်နယ် အောင်ပန်းမြို့တွင် မေ ၁၀ ရက်က ပြုလုပ်သည့် ငြိမ်းချမ်းရေးဗိသုကာ ဆရာကြီး ဒဂုန်တာရာ ရာပြည့်ပွဲကို နယ်ပယ်စုံမှ လူများလာ ရောက်ဂါရဝပြုခဲ့ကြောင်း သတင်းရရှိသည်။
ဆရာကြီးဒဂုန်တာရာ ရာပြည့်အခမ်းအနားကို အောင်ပန်းမြို့ သာမိုင်းခမ်း/မယ်ခိုတောင်ရှိ ဒဂုန်တာရာ ငြိမ်းချမ်းရေးဗိမာန်တွင် ပြုလုပ်ခဲ့ကာ စာပေပညာရှင်များ နိုင်ငံရေးသမားများ အရပ်ဘက်အဖွဲ့အစည်းများ လူဦးရေ ၅၀၀ ကျော်တက်ရောက်ခဲ့ကြသည်။ ဆရာကြီးဒဂုန်တာရာ ရာပြည့်ပွဲ အထိမ်းအမှတ်အခမ်းအနားကို မေ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်တာပြုလုပ်မည်ဖြစ်ပြီး မေ ၁၀ ရက်တွင် နံနက်ပိုင်း သဝဏ်လွှာဖတ်ကြားခြင်း၊ နေ့လယ်ပိုင်း ကဗျာရွတ်ပွဲနှင့် ရသအစုန်အဆန် စာဖတ်ဝိုင်းကိုပြုလုပ်ခဲ့ကာ မေ ၁၁ ရက်တွင် စာတမ်းဖတ်ပွဲနှင့် ဒဂုန်တာရာ စာစကားဝိုင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဂူဗိမာန်ဖြစ်မြောက်ရေး ရာပြည့်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
“ဒီပွဲမှာ နှစ်ရက်ကျင်းပမှာဖြစ်ပါတယ်။ ဆရာဒဂုန်တာရာမွေးနေ့ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက် ကျင်းပမှာဖြစ်ပါတယ်။ ၁၀ ရက်နေ့ ဒီနေ့မှာ ဂုဏ်ပြုအမှတ်တရ အစီအစဉ်ပါပါတယ်။ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေ အရပဘက်အဖွဲ့အစည်းတွေ ဆရာ့ကို ဂုဏ်ပြုအမှတ်တရ စကားပြောကြပါတယ်။ သဝဏ်လွှာတွေ ဖတ်ကြားပါတယ်။ နောက်ပြီးတော့ ဒေသခံမျိုးဆက်သစ် လူငယ်လေးတွေ ဆရာဒဂုန်တာရာ ကဗျာတွေရွတ်ဆိုပါတယ်။ နောက်ပြီးတော့ ဒေသအသီးသီးက ရောက်ရှိလာတဲ့ ကဗျာဆရာတွေ ဆရာဒဂုန်တာရာပွဲမှာ ကဗျာရွတ်ဆိုခြင်းအားဖြင့် ဆရာ့ကို ဂုဏ်ပြုတဲ့အစီအစဉ်နဲ့ ဆောင်ရွက်ပါတယ်။ နောက်ဆုံးအစီအစဉ်ဖြစ်တဲ့ Pen Myanmar ရဲ့ ရသအစုန်အဆန်ပွဲပေါ့နော်။ အားလုံးပါဝင်တဲ့ အစီအစဉ်ဖြစ်ပြီး ဆရာ့ကို ဂုဏ်ပြုခြင်းပြီးဆုံးမှာဖြစ်ပါတယ်။ ဆရာက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကဗျာတွေရေးခဲ့တယ်။ ဝတ္ထုတွေ ရေးခဲ့တယ်။ ဆရာ့ရဲ့ အနုပညာဖန်တီးမှုတွေက ငြိမ်းချမ်းရေးနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေး ဖော်ဆောင်သူပေါ့နော်။ ဗိသုကာနဲ့ တင်စားကြသလို ငြိမ်းချမ်းရေးစာဆိုလို့လည်း တင်စားကြတယ်။ အဲဒီစာတွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးမှာ နှစ်မျိုးရှိတာ တွေ့ရတယ်။ အုပ်ချုပ်သူလူတန်းစားက သူတို့အတွက် ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေးပေါ့။ နောက်ငြိမ်းချမ်းရေးက ပြည်သူလူထုအတွက် ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေးပေါ့။ ဆရာက ပြည်သူလူထုကို ဆောင်ရွက်တဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီးတော့ တောက်လျှောက် ဆရာက ရေးသွားတယ်။ အုပ်ချုပ်သူ လူတန်းစားအတွက် လူနည်းစုအတွက်လုပ်တဲ့ ငြိမ်းချမ်းရေးကို အားမပေးပါဘူး။ ပြည်သူလူထု ခံစားနေရတဲ့ဘဝကို လူတန်းစေ့နေနိုင်အောင် ဆောင်ရွက်ခြင်းသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်တယ်လို့ ဆရာက ဒီလိုပြောပါတယ်။ ဒီနေ့အချိန်အခါမှာ ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးသည် လိုအပ်နေဆဲဖြစ်တယ်လို့ ဆရာ့ရဲ့ ရာပြည့်အခမ်းအနားမှာ ဂုဏ်ပြုရင်းနဲ့ ဆရာ့စကားနဲ့ ဂုဏ်ပြုရင်းနဲ့ အဲဒီလို ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးကို ဒီနေ့အထိ လိုအပ်တယ်လို့ ပြောချင်ပါတယ်ခင်ဗျ” ဟု ဂူဗိမာန် ဖြစ်မြောက်ရေးနှင့် ဆရာဒဂုန်တာရာ ရာပြည့်ပွဲဖြစ်မြောက်ရေးကော်မတီဝင် ဦးထွန်းဝင်းငြိမ်းက ပြောကြားသည်။
အဆိုပါ ဆရာကြီး ဒဂုန်တာရာ ရာပြည့်ပွဲအထိမ်းအမှတ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်ဒေသအသီးသီးတို့မှ စာပေပညာရှင်များ၊ ကဗျာဆရာ၊ စာရေးဆရာများ တက်ရောက်လာကြပြီး နိုင်ငံခြားမှ ကိုရီးယားနိုင်ငံမှ စာပေပညာရှင်များလည်း တက်ရောက်လာကြောင်း သိရသည်။
အောင်ပန်းမြို့ ဒဂုန်တာရာ ငြိမ်းချမ်းရေးဗိမာန်တွင် ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကာ စာအုပ်စျေး ရောင်းပွဲတော်များကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အောင်ပန်းမြို့ ဗိုလ်ချုပ်ကြေး ရုပ်ကွင်းတွင် မေ ၈ ရက်နှင့် ၉ ရက်တို့တွင် စာအုပ်စျေးရောင်းပွဲတော်ကိုလည်း နှစ်ရက် တာပြုလုပ်ခဲ့ပြီး မယ်ခိုတောင်ပေါ်တွင် နှစ်ရက်တာ ရာပြည့်ပွဲကိုပြုလုပ်ခဲ့ကာ မေ ၁၂နှင့် ၁၃ ရက်တို့တွင်လည်း ဆရာကြီး ဒဂုန်တာရာ ရာပြည့်အထိမ်းအမှတ် မျက်စိအခမဲ့ကုသပေးခြင်းကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
