ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်၌ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP မှ လက်ကမ်းစာရွက်များ ဖြန့်ဝေခဲ့မှုနှင့်ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ တိုင်းကော်မရှင်ထံ တင်ပြထားကြောင်း သိရသည်။
UDP ပါတီ၏ အဆိုပါလက်ကမ်းစာရွက်များဖြန့်ဝေမှုမှာ သတ်မှတ်စည်းကမ်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိသဖြင့် တိုင်းကော်မရှင်ထံ တင်ပြရခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူထံမှ သိရသည်။
“ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP က အချက် ၁၂ ချက်ပါ လက်ကမ်းစာရွက်တွေ မြန်အောင်မှာ ဝေတယ်။ အဲဒီစာရွက်ကို ရပ်ကျေးကော်မရှင်အတွင်းရေးမှူးက တွေ့လာတော့ မြို့နယ်ကော်မရှင်ကိုတင်ပြတယ်။ မြို့နယ်ကော်မရှင်က အဲဒီပါတီရဲ့ မြို့နယ်ရုံးက တာဝန်ရှိသူကိုမေးတော့ တိုင်းကပို့လိုက်လို့ ဝေတာလို့ပြောတယ်။ သူတို့ပါတီက ဝေတာမှန်ကန်ကြောင်း အတည်ပြုပေးတယ်။ အဲဒီလက်ကမ်းစာရွက်ကို UDP ပါတီက သတ်မှတ်ထားတဲ့စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ပြီးမှ ဝေတာမဟုတ်တဲ့အတွက် မြို့နယ်ကော်မရှင်က ခရိုင်ကိုတင်ပြလာပါတယ်” ဟု ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
ညီညွတ်သောဒီမိုကရက်တစ်ပါတီအနေဖြင့် ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်စလုံး၌ ရုံးများဖွင့်လှစ်ထားပြီဖြစ်ပြီး မြန်အောင်မြို့နယ်၌ ယခုကဲ့သို့ လက်ကမ်းစာရွက်ဖြန့်ဝေမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် စာရွက်စာတမ်းဝေချင်တဲ့ပါတီက ပြန်ကြားရေးဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းရတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရမှ ပုံနှိပ်ဖြန့်ဝေခွင့်ရှိတယ်။ ဒီလက်ကမ်း စာရွက်မှာက ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အထောက်အထားမတွေ့ရဘူး။ သတ်မှတ်စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်တာ မဟုတ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ပေးနိုင်ဖို့ တိုင်းကော်မရှင်ကိုတင်ပြထားပါတယ်” ဟု ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဖြန့်ဝေခဲ့သည့်လက်ကမ်းစာရွက်၌ UDP ဥက္ကဋ္ဌကြီးမှ တာဝန်ယူဆောင်ရွက်ပေးမည့် အဓိကအချက်များခေါင်းစဉ်ဖြင့် အချက် ၁၂ ချက်ပါဝင်ပြီး (၁) ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံအား စင်ကာပူနိုင်ငံထက်သာအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ (၂) မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် အဝေးပြေးလမ်း (Express Highway) ရှိအောင် လုပ်ပေးနိုင်ပါသည်။ (မဟာဗျူဟာလမ်းဖောက်မည်)၊ (၃) တစ်နိုင်ငံလုံးရှိ ရွာတိုင်းတွင် ကတ္တရာလမ်းရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ (၄) တစ်နိုင်ငံလုံးရှိ လျှပ်စစ်မီးမပျက်အောင် လုပ်ပေးနိုင်ပါသည်။ (ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့်သူများ၊ စက်ရုံထောင်မည့်သူများအတွက်)၊ (၅) ရန်ကုန်မြို့ထဲနှင့် မန္တလေးမြို့ထဲတွင် ယာဉ်ပိတ်ဆို့မှုလုံးဝမရှိအောင် ဖြေရှင်းပေးနိုင်ပါသည်။ (၆) တစ်နိုင်ငံလုံးရှိ မီးရထားလမ်းများကို နိုင်ငံတကာအဆင့် မီရထားလမ်းများဖြစ်အောင် လုပ်ပေးနိုင်ပါသည်။ (၇) မြန်မာ နိုင်ငံသားများ နေထိုင်မှုမြှင့်တင်ရေး အနေဖြင့် ငါးနှစ်အတွင်း နိုင်ငံသားတစ်ဦးချင်းစီ၏ တစ်နှစ်ဝင်ငွေ (GDP) မြန်မာငွေကျပ် ၃၆ သိန်း (တစ်ရက်လျှင် ငွေကျပ် ၁၀၀၀၀ ခန့်) ရရှိနိုင်အောင် ဆောင်ရွက်ပေးနိုင်ပါသည်။ (၈) မြန်မာနိုင်ငံသို့လာရောက်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်မည့်သူများအား မြေနှစ်အကန့်အသတ်ဖြင့် ငှားရမ်း/ဝယ်ယူမှု၊ တိုက်ခန်း/ကွန်ဒို ဝယ်ယူခွင့်တို့အား လုပ်ဆောင်ပေးမည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ဦးစားပေး အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ (၉) တောင်သူလယ်သမားများအား အခွန်ကင်းလွတ်ခွင့်ပြုမည့်အပြင် စိုက်ပျိုးမည့်သူများအား အစိုးရမှ အထောက်အပံ့ပေးမည်။ ဝယ်ယူသည့် ပြည်သူများအနေဖြင့် GST 5% (အထွေထွေအကျိုးဆောင်အခွန် ငါးရာခိုင်နှုန်း) ကင်းလွတ်ခွင့် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ (၁၀) နိုင်ငံရေးနှင့်ပတ်သက်သည့် ဥပဒေပုဒ်မများအား ပယ်ဖျက်ပါမည်။ (၁၁) ၁၂ နှစ်အောက်အရွယ် ကလေးများ၏ နေထိုင်မှုကိစ္စအဝဝအပေါ်တွင် နိုင်ငံတော်မှ ထောက်ပံ့ကြေးရအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မူကြိုတန်းမှ ၁၀ တန်းအထိ အခမဲ့ပညာရေးစနစ်ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါသည်။ (၁၂) မြန်မာနိုင်ငံအတွင်းတွင် အမြဲတမ်းနေထိုင်ခွင့် (Permanent Resident) ရှိသူများအား အခမဲ့ဆေးကုသခွင့်ရအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံသားနှင့် မြန်မာနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရှိသည့် အသက် ၆၀ နှစ်ရှိသူတိုင်း နိုင်ငံတော်မှ ထောက်ပံ့ကြေးပင်စင်ရအောင် ဆောင်ရွက်ပေးနိုင်ပါသည်” ဟု ဖော်ပြထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
