(၃) ကြိမ်မြောက် ၁၀၀၀ တန်ထီတွင် ထီစာအုပ် နှစ်သိန်းခွဲကျော် ရောင်းမကုန်ထီအဖြစ် ကျန်ရှိခဲ့သော်လည်း ယခု (၄) ကြိမ်မြောက်ထီတွင် ထီစာအုပ်ငါးသိန်းနီးပါးတိုးမြှင့်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ယခင် (၃) ကြိမ်မြောက်ကျပ် ၁၀၀၀ တန်ထီတွင် “က” အက္ခရာမှ “ကဃ” အက္ခရာအထိ စုစုပေါင်း အက္ခရာ (၃၇) လုံး၊ ထီစာအုပ် ၃၀၂ ၇၂၆၆ အုပ်ရောင်းချပေးခဲ့သည်။
ဇွန် ၁ ရက်၌ဖွင့်လှစ်မည့်ကျပ် ၁၀၀၀ တန်ထီများကို “က” အက္ခရာမှ “ကည” အက္ခရာအထိ (၄၃) လုံး၊ ထီစာအုပ် ၃၅၁၈၁၇၄ အုပ်ရောင်းချပေးနေခြင်းဖြစ်ကြောင်း မေ ၁၀ ရက်တွင်ပြည်တွင်းအခွန်များဦးစီးဌာနက သတင်းထုတ်ပြန်ကြေညာသည်။
ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ယခုမေလတွင် ထီအက္ခရာခြောက်လုံး တိုးမြှင့်ရောင်းချပေးထားသော်လည်း ယခင်လတွင် ထီစာအုပ် ၂၆၁၂၉၅ အုပ် (ထီစောင်ရေ ၂၈၇၄၂၄၅ စောင်) မှာ ရောင်းမကုန်ထီအဖြစ် ကျန်ရှိနေခဲ့သည်။
အောင်ဘာလေထီဝယ်ယူခွင့်ရရှိသူများသည် အာမခံငွေ (Deosit) များပေးသွင်းပြီး သဘောတူ ကတိစာချုပ်ချုပ်ဆို၍ ဝယ်ယူလျက်ရှိရာတွင် အချို့သော ဝယ်ယူခွင့်ရရှိသူများမှ သက်မှတ်ရက်အတွင်း ဝယ် ယူရန် ပျက်ကွက်မှုရှိနေသဖြင့် သဘောတူကတိစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ အာမခံငွေ (Deosit) သိမ်းယူရမည့် အခြေအနေများဖြစ်ပေါ်နေခဲ့ပြီး ထီစာအုပ်များ ရောင်းချရန် ကျန်ရှိနေပါကြောင်း၊ အောင် ဘာလေသိန်းဆုဌာနခွဲသည် ထီလက်မှတ်များကို သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိရာ (၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီစာအုပ်များကိုထပ်မံဝယ်လိုပါက လူပုဂ္ဂိုလ်တစ်ဦးချင်း အနေဖြင့်ဖြစ်စေ၊ အဖွဲ့အစည်း အနေဖြင့်ဖြစ်စေ ဘဏ်ငွေသွင်းချလန်ဖြင့် ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင် မေ၂၈ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
