ကမ္ဘာတစ်ဝန်းတွင် COVID-19 မျိုးကွဲ အိုမီခရွန်ကြောင့် ဗိုင်းရပ်စ်ကူးစက်မှု လှိုင်းအသစ်များ ကြုံတွေ့နေပြီး ကန့်သတ်ချက် စည်းမျဉ်းများချမှတ်ကာ ဆေးရုံများတွင် ဝန်ပိနိုင်သည့်အခြေအနေကို စိုးရိမ်နေကြချိန်တွင် အမေရိကန်ထိပ်သီး ကပ်ရောဂါအကြံပေး အန်သိုနီ ဖော်ချီက ဆိုးရွားသည့် ဆောင်းရာသီ ဖြစ်လာလိမ့်မည်ဟု ဒီဇင်ဘာ ၁၉ ရက်တွင် သတိပေးပြောကြားခဲ့သည်။
“အလွန်ရှင်းလင်းတဲ့ အချက်တစ်ချက်ကတော့ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ဟာ အလွန့် အလွန်ကူးစက်မြန်တယ်ဆိုတာပါပဲ။ ဒီမျိုးကွဲ ဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းလုံး အတိုင်းအ တာအထိပျံ့နှံ့နိုင်ပါတယ်” ဟု ဖော်ချီက သတိပေးခဲ့သည်။
တောင်အာဖရိကတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကို ပထမဆုံးစတင်တွေ့ရှိခဲ့သည့် နိုဝင်ဘာလကတည်းက ယင်းမျိုးကွဲသည် ဒါဇင်နှင့်ချီသည့်နိုင်ငံများသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီး နိုင်ငံအများအပြားသည် ခရီးသွားလာမှုကန့် သတ်ချက်များနှင့် အခြားစည်းမျဉ်းများ ပြန်လည်ပြဋ္ဌာန်းခဲ့ရသည်။
အိုမီခရွန်မျိုးကွဲသည် လက်ရှိအချိန်အထိ လွှမ်းမိုးမှုရှိဆဲ ဒယ်တာမျိုးကွဲထက်ပိုမိုပြင်း ထန်ရောဂါအခြေအနေ မရှိဟု အရိပ်လက္ခဏာများ မြင်တွေ့နေရသော်လည်း သန္ဓေပြောင်းလဲမှုများပြားသည့် အိုမီခရွန်မျိုးကွဲသည် အစောပိုင်းရရှိထားသည့် အချက်အလက်အရ ကာကွယ်ဆေးများကို စိုးရိမ်ဖွယ် ခုခံနိုင်သည့်အပြင် ပိုမိုကူးစက်မြန်သည်ဟုတွေ့ ရှိခဲ့သည်။
အိုမီခရွန်၏ ပြင်းထန်ရောဂါအခြေအနေအပေါ် အကောင်းမြင်လွန်းနေမှုကိုလည်း ဖော်ချီက သတိပေးခဲ့ပြီး တောင်အာဖရိတွင် အိုမီခရွန်မျိုးကွဲကြောင့် ဆေးရုံတက်ရောက် ကုသမှုဖြစ်စဉ်သည် ဒယ်တာမျိုးကွဲကြောင့် အ လားတူဖြစ်စဉ်အောက်လျော့နည်းသော်လည်း ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ယခင်ကျယ်ကျယ် ပြန့်ပြန့် ကူးစက်မှုများမှ ကိုယ်ခံအားရရှိနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ၎င်းကသတိ ပေးပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ဆေးရုံတွေမှာ ကိစ္စတွေဟာ အခုမြင်နေရတဲ့အတိုင်း နောက်တစ်ပတ် ဒါမှမဟုတ် နောက်နှစ်ပတ်မှာ ဖြစ်နေနိုင်ပေမယ့် ပိုပြီးဖိအားတွေ ဖြစ်လာပါလိမ့်မယ်” ဟု ဖော်ချီကပြောကြားခဲ့ပြီး အထူးသဖြင့် ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းသည့်နိုင်ငံတွင်းမှ ဒေသများတွင် ပိုမိုဖိအားများသက်ရောက် နိုင်ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်က အမေရိကန် လွှတ်တော်အမတ်များဖြစ်သည့် အဲလိဇဘတ် ၀ါရန် နှင့် ကိုရီ ဘွတ်ကာ တို့သည် ကာကွယ်ဆေးနှစ်လုံးအပြည့်နှင့် ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံး ထိုးနှံပြီးသည့်တိုင် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာများမှာ မပြင်းထန်နိုင်ဟု မျှော်လင့်ထားကြောင်း ၎င်းတို့က Twitter တွင် ရေးသားခဲ့ကြသည်။ ၎င်းတို့နှစ်ဦးလုံးသည် အိုမီခရွန်မျိုးကွဲ ကူးစက်ခံရခြင်းမဟုတ် ဟု ဆိုသည်။
ကာကွယ်ဆေး မထိုးနှံရသေးသည့် အမေရိကန်နိုင်ငံသားများအနေဖြင့် ကာကွယ်ဆေး ထိုးနှံကြရန်နှင့် ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပြီးသူများအနေဖြင့် ထပ်ဆောင်းကာကွယ်မှုရရှိရန် ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံးထိုးနှံကြရန် ဖော်ချီက တိုက်တွန်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
