ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းကြောင့် ဒီဇင်ဘာ ၂၀ ရက် တွင် သေဆုံးသူ ၂၀၀ ကျော် ရှိလာခဲ့ပြီဖြစ်ကာ မုန်တိုင်းဒဏ်မှ အသက်ရှင်ကျန်ရစ်သူများမှာ လည်း ရေသန့်နှင့် စားနပ်ရိက္ခာများကို အပူတပြင်း လိုအပ်လျက်ရှိသည်။
အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း “ရိုင်” ဝင်ရောက်မှုကြောင့် လူနေအိမ်များ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ အကြီးအကျယ် ပြိုကျပျက်စီးခဲ့ပြီး ကမ်းရိုးတန်းဒေသများတွင် လူအသေအပျောက်များပြားခဲ့သည်ဟု ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့၏ အဆိုအရ သိရသည်။
မုန်တိုင်းဒဏ်ကြောင့် အိမ်များ အမိုးလန် ပျက်စီးခြင်း၊ သစ်ပင်များ အမြစ်မှကျွတ်ထွက်ခြင်း၊ ဓာတ်တိုင်များ ပြိုလဲခြင်း၊ သစ်သား အိမ်များ လုံးလုံးလျားလျား ပြိုကျပျက်စီးခြင်း၊ ကောက်ပဲသီးနှံများ ပျက်စီးခြင်းနှင့် ကျေးရွာ များကို ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကာ ၂၀၁၃ ခုနှစ်က ဝင်ရောက်ခဲ့သည့် စူပါတိုင်ဖွန်းမုန်တိုင်း ဟိုင်ရန်နှင့် နှိုှုင်းယှဉ်ပြောဆိုမှုများပင် ရှိလာခဲ့သည်။
လတ်တလော ဝင်ရောက်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် ကျွန်းစုနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၂၀၈ ဦးထက်မနည်း ရှိလာပြီး ၅၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကာ နောက်ထပ် လူရာနှင့်ချီကာ ထိခိုက်ဒဏ်ရာရ ခဲ့သည်ဟု သိရသည်။ မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အပျက်အစီး များပြားခဲ့သည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဆိုသည်။
ဒီဇင်ဘာ ၁၆ ရက်က စူပါတိုင်ဖွန်းမုန်တိုင်း “ရိုင်” သည် ဖိလစ်ပိုင်ကို စတင်ဝင်ရောက် ခဲ့ပြီးနောက် လူသုံးသိန်းကျော်သည် နေအိမ်များနှင့် ကမ်းခြေမျက်နှာစာရှိ အပန်းဖြေစခန်းများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“အခြေအနေက အလွန်စိုးရိမ်စရာပါပဲ။ ဒေသခံတွေဟာ ရေသန့်နဲ့ အစားအစာတွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု မုန်တိုင်းဒဏ်ကို အလူးအလဲ ရင်ဆိုင်ခဲ့ရသည့် ဆူရီဂါအို ပင်လယ်ကမ်းခြေမြို့မှ လမ်းဘေးစျေးသည် တစ်ဦးက ပြောကြားခဲ့သည်။
ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်သည့် အူဘေတွင်လည်း သစ်သားအိမ် အများအပြား ပြိုကျပျက်စီးခဲ့ပြီး ငါးဖမ်းလှေငယ်များလည်း ပျက်စီးခဲ့ကာ ၎င်းဒေသတွင် ကပ်ဘေးအခြေအနေ ကြေညာထားရသည်။
တစ်နာရီလျှင် ၁၉၅ ကီလိုမီတာ လေတိုက်နှုန်းဖြင့် ဝင်ရောက်ခဲ့သည့် မုန်တိုင်းဒဏ်ကို အကြီးအကျယ် ရင်ဆိုင်ခဲ့ရသည့် ဆီအာဂါအို၊ ဒီနာဂတ်နှင့် မင်ဒါနာအို ကျွန်းများတွင်လည်း ပျက်စီးဆုံးရှုံးမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် COVID-19 ကပ်ရောဂါထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်မှုများကြောင့် နာလန်ပြန်ထူရန် ရုန်းကန်နေရသည့် ဖိလစ်ပိုင်၏ ခရီးသွားလုပ်ငန်းအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ် လာခဲ့သည်။
သမ္မတ ရိုဒရီဂို ဒူတာတေးသည် ဒီဇင်ဘာ ၁၈ ရက်တွင် သဘာဝဘေးသင့် ဒေသအချို့ကို သွားရောက်ကြည့်ရှုခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ပီဆို နှစ်ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၄၀) ထောက်ပံ့သွားမည်ဟု ကတိပြုခဲ့သည်။
ထို့အပြင် ထောင်နှင့်ချီသည့် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်နှင့် မီးသတ် တပ်ဖွဲ့ဝင်များကို သဘာဝဘေးသင့် ဒေသများတွင် ဖြန့်ကြက်ထားသည်။ ကမ်းခြေစောင့်တပ်နှင့် ရေတပ်သင်္ဘောများအပြင် လေယာဉ်များဖြင့်လည်း စားနပ်ရိက္ခာ၊ ရေနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူ ပစ္စည်းများကို လိုက် လံပို့ဆောင်ပေးလျက်ရှိကာ စက်ယန္တရားကြီးများဖြင့်လည်း အပျက်အစီးများကို ရှင်းလင်းပေးလျက် ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
