ကမ္ဘာ့နိုင်ငံများ၌ COVID-19ဖြစ်ပွားမှုအနေဖြင့် ဒီဇင်ဘာ ၁၈ ရက်က တစ်ရက် အတွင်း လူနာသစ် ၅၅၀၀၀၀ ကျော်နှင့် သေဆုံးသူ ၅၁၀၀ ကျော်ရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။
ကမ္ဘာတစ်ဝန်း COVID-19ရောဂါ ကူးစက်ဖြစ်ပွားမှုအနေဖြင့် ဒီဇင်ဘာ ၁၈ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ လူနာသစ် ၅၅၅၇၉၇ ဦးနှင့် သေဆုံးသူ ၅၁၂၀ ဦးရှိကြောင်း Worldometer က ထုတ်ပြန် ထားသော စာရင်းအရ သိရသည်။
ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းအထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်ခံရသူပေါင်း၂၇၄၅၁၆၀၇၉ ဦးရှိပြီး သေဆုံးသူ ၅၃၆၆၀၄၁ ဦးရှိကာ ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း ၂၄၆၃၁၆၄၁၀ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဥရောပတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် မကြုံစဖူး ကူူးစက်ပျံ့နှံ့ဖွယ်ရှိလိမ့်မည် ဖြစ်ပြီး ပြင်သစ်နိုင်ငံတွင်၂၀၂၂ ခုနှစ် အစပိုင်းမှစ၍ အိုမီခရွန်သည် လွှမ်းမိုးမှုရှိသည့် မျိုးကွဲဗိုင်းရပ်စ် ဖြစ်လာလိမ့်မည်ဟု ပြင်သစ် ဝန်ကြီးချုပ် ယန်းကက်စ်တက်စ်က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ်အကြောင်း အများအပြား မသိရသေးသော်လည်း ယင်းမျိုးကွဲသည် ဒယ်တာမျိုးကွဲဗိုင်းရပ်စ်ထက် ပိုမို အန္တရာယ်ရှိပုံမရကြောင်း၊ ရရှိထားသည့် အချက်အလက်အရ COVID-19 ကာကွယ် ဆေးနှစ်လုံးအပြင် ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံးထိုးနှံပြီးစီးလျှင် ရောဂါ၏ ပြင်းထန်အခြေအနေမဖြစ်ပွားစေရန် ကောင်းစွာကာကွယ်နိုင်ကြောင်း ကက်စ်တက်စ်က ထပ်မံပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံတွင် COVID-19 လူနာ ၃၀၀၀ နီးပါးသည် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေသည်ဟု နောက်ဆုံးရရှိထားသည့် အချက်အလက်များတွင် ဖော်ပြခဲ့သည်။
ထိုစဉ် အသက်ငါးနှစ်အရွယ်မှစ၍ ကာကွယ်ဆေး နှစ်လုံးအပြည့် ထိုးနှံပြီးနောက် လေးလကြာပြီးသူများသည် ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံး ထိုးနှံနိုင်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
လာမည့်နှစ်မှစ၍ ကာကွယ်ဆေးမထိုးနှံသေးသူများ မရှိစေရေးအတွက် အစိုးရအနေဖြင့် စည်းမျဉ်းအသစ်များ ထုတ်ပြန်ကြေညာ သွားမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။
“ကာကွယ်ဆေးထိုးနှံဖို့ တွန့်ဆုတ်နေတဲ့ သူတွေနဲ့ သံသယဖြစ်နေတဲ့ ပြင်သစ်နိုင်ငံသားတွေကို ကျွန်တော်တို့တွေ အချိန်အများကြီး ပေးခဲ့ပြီးပါပြီ။ ဇန်နဝါရီလမှာတော့ ကာကွယ်ဆေးထိုးနှံခံဖို့အတွက် ပိုမိုမက်လုံးပေးသွား မှာပါ။ ဘာလို့လဲဆိုတော့ ကာကွယ်ဆေးထိုး နှံခံယူဖို့ ငြင်းဆန်တဲ့ အနည်းငယ်သော ပြင်သစ်နိုင်ငံသား တစ်သန်းကြောင့် တစ်နိုင်ငံလုံးရဲ့ အသက်တွေကို အန္တရာယ်မဖြစ်စေချင်ပါဘူး” ဟု ကက်စ်တက်စ်က ဆိုသည်။
ပြင်သစ်သည် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရန် တုန်လှုပ်ဖွယ်စည်း မျဉ်းအသစ်တစ်ရပ်ကို ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး ယင်းစည်းမျဉ်းအရ ဒီဇင်ဘာ ၁၈ ရက်မှစ၍ ခရီးသွားများအနေဖြင့် ဗြိတိန် နှင့်ပြင်သစ်ကြား ခရီးသွားလာရသည့် အဓိက အကြောင်းရင်းကို ပြသရန်လိုအပ်လိမ့်မည် ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
