အာဖဂန်နစ္စတန်ကို အုပ်ချုပ်နေသည့် တာလီဘန်အဖွဲ့နှင့် သံတမန်ဆက်ဆံရေးများ ကို စမ်းသပ်မှုများရှိနေချိန်တွင် အာဖဂန်နစ္စတန်တွင်ဖြစ်ပွားနေသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လျော့ပါးသက်သာစေရန်ရည်ရွယ်ပြီး ဒီဇင်ဘာ ၁၉ ရက်က ပါကစ္စတန်တွင် အစ္စလာမ္မာစ် နိုင်ငံပေါင်း ၅၇ နိုင်ငံမှ သံတမန်များနှင့် လေ့လာရေးကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့ကြသည်။
အစ္စလာမ္မာစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ၏ ယင်းအစည်းအဝေးသည် သြဂုတ်လက အမေရိကန်ထောက်ခံပေးခဲ့သည့် အစိုးရအဖွဲ့ပြုတ်ကျသွားခဲ့ပြီး နောက်ပိုင်း အာဖဂန်အရေးနှင့်ပတ်သက်ပြီး ပြုလုပ်သည့်အကြီးဆုံး အစည်းအဝေးဖြစ်ခဲ့သည်။
တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းက အာဖဂန်၏ ပိုင်ဆိုင်မှုများနှင့် အလှူငွေများကို ထိန်းချုပ်ခဲ့သဖြင့် အာဖဂန်၏ လူဦးရေ ၃၈ သန်းခန့်မှာ ဆိုးရွားပြင်းထန်သည့် ဆောင်းရာသီကို ချို့တဲ့စွာ ရင်ဆိုင်နေရသည်။
အာဖဂန်နစ္စတန်တွင် စားနပ်ရိက္ခာ၊ လောင်စာနှင့် ငွေကျေးအကျပ်အတည်းများကြောင့် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေ အနေနှင့် ကြုံတွေ့လုနီးအခြေအနေဖြစ်နေ သည်ဟု ကုလမသဂ္ဂက ထပ်တလဲလဲ သတိပေးခဲသည်။
မကြာသေးမီရက်များအတွင်းကလည်း ရုရှားအစိုးရက အာဖဂန်နစ္စတန်၏ ပိုင်ဆိုင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ထိန်းချုပ်ထားခြင်း မပြုရန် အနောက်နိုင်ငံများမှ ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။
ယင်းကဲ့သို့ ထိန်းချုပ်ထားမှုသည် ယခု နှစ်ဆောင်းရာသီတွင် အာဖဂန်နစ္စတန်မှ ထောင်နှင့်ချီသည့် မိသားစုများကို ဥရောပ သို့ ဝင်ရောက်လာစေနိုင်သည်ဟု အာဖဂန် နစ္စတန်ဆိုင်ရာ ရုရှားသံတမန် ဇာမီယာကာ ဘူလော့ဗ်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အာဖဂန်မှ ရွှေ့ပြောင်းနေထိုင်သူများ ဥရောပသို့ ဝင်ရောက်လာမည့် အရေးကို အနောက်နိုင်ငံများက စိုးရိမ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ပါကစ္စတန်တွင်ပြုလုပ်ခဲ့သည့် အာဖဂန်ဆိုင်ရာ OIC အစည်းအဝေးတွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂတို့၏ ကိုယ်စားလှယ်များနှင့်အတူ တာလီဘန် နိုင်ငံခြားရေးဝန်ကြီး အမီရာခန်း မွတ်တာကီလည်း တက်ရောက်ခဲ့သည်။
ပါကစ္စတန်အရာရှိများ၏ ပြောကြားချက်အရ ယင်းအစည်းအဝေးကို ကိုယ်စားလှယ်ပေါင်း ၇၀ ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်အထိ မည်သည့်နိုင်ငံကမျှ တာလီဘန်အစိုးရအဖွဲ့ကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသေးပေ။
ထို့ပြင် တာလီဘန် တို့ကို ထောက်ခံခြင်း မရှိဘဲ အာဖဂန်ကို စီးပွားရေးအကူအညီများ ပေးမည့်ကိစ္စတွင် သံတမန်များအနေဖြင့် ရှုတ်ထွေးသည့် လုပ်ငန်းတာဝန်များနှင့် ရင်ဆိုင်နေရသည်။
ယခုပြုလုပ်သည့် အစည်းအဝေးသည် OIC ၏ သီးသန့်အစည်းအဝေးဆိုခြင်းထက် အာဖဂန်ပြည်သူများအတွက် ရည်ရွယ်ပြုလုပ်သည့် အစည်းအဝေးတစ်ခုဖြစ်သည်ဟု ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ် ကူရက်ရှီက ပြောကြားခဲ့သည်။
၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း အုပ်ချုပ်ခဲ့သည့် ယခင်တာလီဘန်အစိုးရအဖွဲ့ကိုမူ ပါကစ္စတန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး နိုင်ငံတို့ကသာ အသိအမှတ်ပြုခဲ့သည်။
လက်ရှိ တာလီဘန်အဖွဲ့နှင့်ပတ်သက်ပြီး အသိအမှတ်ပြုမှုနှင့် ထိတွေ့ဆက်ဆံမှုမှာ ကွဲပြားခြားနားနေသည်ဟု ကူရက်ရှီက ပြော ကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
