လွှတ်တော် ဒုတိယဥက္ကဋ္ဌအနေဖြင့် လွှတ်တော်အစည်းအဝေး၌ မေးခွန်းမေးမြန်း ခြင်းမှာ မသင့်လျော်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မေ ၉ ရက် ညနေပိုင်းက မွန်လွှတ်တော်သို ့စာပေးပို ့ခဲ့ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၏ ပြောကြားချက်အရ သိရသည်။
“မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာအောင်နိုင်ဦးဟာ ချောင်းဆုံမြို့ နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအ မှတ် (၁) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ ကိုယ်စားလှယ်တိုင်းသည် မေးခွန်းမေးခွင့်ရှိပါတယ်။ လွှတ်တော် ဒုဥက္ကဋ္ဌလည်း ကိုယ်စားလှယ်ပဲလေ။ ကိုယ်စား လှယ်တိုင်းဟာ မေးခွန်းမေးခွင့်ရှိပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဒေါ်တင်အိက ပြောကြားသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပေးပို ့လာသည့် စာမှာ လွှတ်တော်ရုံးဝင်စာ၊ ထွက်စာ ဌာနတွင်ရှိကြောင်း၊ ဝန်ကြီးချုပ်မှာ အုပ်ချုပ် ရေးအာဏာ၊ လွှတ်တော်သည် ဥပဒေပြုရေး အာဏာဖြစ်သည့်အတွက် သီးခြားစီသာဖြစ် ကြောင်း၊ ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း၊ အပြန်အလှန်လေးစားမှု ရှိရမည်ဖြစ်ကြောင်း နှင့် ဒေါက်တာအောင်နိုင်ဦးအနေဖြင့် လွှတ်တော်အစည်းအဝေးအတွင်း မေးမြန်းခဲ့ သည့် မေးခွန်းများသည် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့်အညီဖြစ်ကြောင်း ဒေါ်တင်အိ က ဆက်လက်ပြောကြားသည်။
အဆိုပါ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မွန် ပြည်နယ်လွှတ်တော်သို ့ပေးပို့ခဲ့သော လွှတ်တော် ဒုဥက္ကဋ္ဌအနေဖြင့် လွှတ်တော် အစည်းအဝေး၌ မေးခွန်းမေးမြန်းခြင်းမှာ မသင့်လျော်ကြောင်း ရေးသားထားသည့် စာအား မေ ၁၀ ရက် နံနက်ပိုင်းအချိန်က ပြန်လည်ယူသွားကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးထံမှ သိရ သည်။
လက်ရှိပြုလုပ်လျက်ရှိသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ် မြောက်ပုံမှန်အစည်းအဝေး၌ ဒေါက်တာ အောင်နိုင်ဦးမှ မေးမြန်းခဲ့သည့် ရေးမြို့နယ် မြောက်ပိုင်းရှိ Southern Myanmar Development Co., Ltd (SMD)မှ လုပ်ဆောင်ခဲ့ သည့် ငွေကျပ်သိန်း ၁၀၀၀၀ တန်လုပ်ငန်း ဖြစ်သော အောင်သပြေ-နှစ်ကရင် ကျေးရွာ ချင်းဆက်လမ်းပိုင်းနှင့်ပတ်သက်သည့် မေး ခွန်းအား မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပြန်လည် ဖြေကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ညွှန်ကြားချက်အရ တင်ဒါကင်း လွတ်ခွင့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်း ဖြေကြားခဲ့သည့်အတွက် ဝေဖန်မှု များဖြစ်ပေါ်နေကြောင်းသိရသည်။
မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)မှကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာ အောင်နိုင်ဦးမှာ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး (၁၃) ကြိမ်၌ မေး ခွန်းပေါင်း ၄၀ ကျော်မေးမြန်းခဲ့သည့်အပြင် အဆိုပေါင်းငါးခုထက်မနည်း တင်သွင်းထား ကြောင်း မွန်ပြည်နယ်လွှတ်တော်ရုံးထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
