အောင်ရဲထွေးအမှုတွင် တိုင်းဥပဒေအရာရှိ၏ရုံးအထိ လာဘ်ငွေများလာပေးသည်ဟု တရားလို၏ စွပ်စွဲချက်များနှင့်ပတ်သက်၍ ဧည့်ဝင်ဧည့်ထွက်မှတ်တမ်းများကို စွပ်စွဲခံရသူဘက်က သက်သေခံအဖြစ် တင်သွင်းထားမှု နှစ်ဘက်လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် ဦးဟန်ထူးပါ ငါးဦးတို့အား မေ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော် ရုံးခန်းအမှတ် (၃) ၌ ရုံးထုတ်စဉ် စာဖြင့်လျှောက်လဲချက်ပေးခဲ့ခြင်း ဖြစ်သည်။ သက်သေခံအဖြစ် လက်ခံရန် သင့်၊ မသင့်ကို အမိန့်ချမှတ်ရန် မေ ၂၄ ရက်သို့ ရုံးချိန်းချိန်းဆိုပေးခဲ့သည်။
အောင်ရဲထွေး၏မိသားစုဝင်နှင့်အတူ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်တို့သည် ၂၀၁၈ ခုနှစ် ဇွန် ၁၅ ရက်၊ ဇူလိုင် ၃ ရက်နှင့် စက်တင်ဘာ ၅ ရက် စသည့်ကာလများတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ လာရောက်ကာ အောင်ရဲထွေးအမှု ရုပ်သိမ်းရေးအတွက် လာဘ်ငွေများပေးခဲ့သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တရားလို ဦးမိုးနိုင်က စွပ်စွဲထားခြင်းဖြစ်သည်။
ယင်းကြောင့် လာဘ်ပေးသည်ဟု စွပ်စွဲသောနေ့များနှင့် ပတ်သက်၍စွပ်စွဲခံရသူ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ရန်ကုန်တိုင်းဥပဒေချုပ်ရုံး၏ ယင်းနေ့ဧည့်ဝင်၊ ထွက်မှတ်တမ်းများကို သက်သေခံအဖြစ် တရားရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်သည် တာဝန်ထမ်းဆောင်နေချိန်တွင် ၎င်းကိုယ်တိုင် ဧည့်ဝင်၊ ဧည့်ထွက်မှတ်တမ်းနှင့် အခြားအလုပ်ကိစ္စများကို ၎င်းကိုယ်တိုင် စီမံခန့်ခွဲဆောင်ရွက်လေ့ရှိပြီး အဆိုပါ မှတ်တမ်းများပေါ်တွင်လည်း ၎င်း၏လက်မှတ်နှင့် တံဆိပ်တို့လည်း ရေးထိုးထားသည့် အကြောင်းများကိုလည်း ဦးသိန်းဇော်၏ရှေ့နေက တရားလိုဦးမိုးနိုင်အား မေ ၃ ရက် ရုံးချိန်းကမေးမြန်းခဲ့ကြောင်း သိရသည်။
အောင်ရဲထွေးအမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးမှာ ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်လ်တစ်လုံး၊ အကျႌတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးမှ ကျပ်သိန်း ၁၃၀၊ ဂိုးလေဘယ်လ်တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀၊ ပါတိတ်လုံခြည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၀၀၊ ရဲအုပ်ချစ်ကိုကိုက ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀ ရယူခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
