မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ နိုင်ငံတစ်ဝှမ်းရှိ ရပ်ရွာလူထု ငါးသန်းအတွက် ကျန်းမာလုံခြုံပြီး ဘေးအန္တရာယ်ကျရောက်လွယ်မှု လျော့ပါးစေရန် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးအစီအစဉ်” ကို၂၀၁၉ ခုနှစ်မှ၂၀၂၅ ခုနှစ်အထိချမှတ် ဆောင်ရွက်လျက်ရှိဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမြသူကပြောကြားသည်။
ယင်းကဲ့သို့ဆောင်ရွက်ရာတွင် ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေး အစီအစဉ်အဖြစ် အရေးပေါ် သူနာတင်ယာဉ်လုပ်ငန်းကို ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းထားရှိပြီး မိတ်ဖက်အဖွဲ့အစည်းများ၊ နည်းပညာရပ်ဆိုင်ရာနှင့် အရင်းအမြစ်ပိုင်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
“ကျွန်မတို့အသင်းအနေနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ရပ်ရွာလူထုငါးသန်းအတွက် ပိုမိုကျန်းမာလုံခြုံပြီးတော့ ဘေးအန္တရာယ်ကျရောက်လွယ်မှုကို လျော့ပါးစေဖို့ရည်ရွယ်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးအစီအစဉ်ကို ၂၀၁၉ ခုနှစ်ကနေ၂၀၂၅ ခုနှစ်အထိချမှတ်ဆောင်ရွက်နေတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ရှေးဦးပြုစုခြင်းနဲ့ အန္တရာယ်ကင်းရှင်းရေးအစီအစဉ်အနေနဲ့ အရေးပေါ်သူနာတင်ယာဉ်လုပ်ငန်းကို ကဏ္ဍတစ်ရပ်အဖြစ် ထည့်သွင်းပြီးဆောင်ရွက်နေတယ်။ ဒီအစီအစဉ်ကိုပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါ။ဒါမှသာ ဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေလျှော့ချရေး၊ ကျန်းမာရေးမြှင့်တင်ရေး၊ ငြိမ်းချမ်းတဲ့ ယဉ်ကျေးမှုလူ့ဘောင်ဖြစ်ထွန်းနိုင်ရေးစတဲ့ လုပ်ငန်းတွေမှာနိုင်ငံတော်ရဲ့လူမှုကရုဏာ အခန်းကဏ္ဍတစ်ရပ် အဖြစ် ပါဝင်ကူညီပေးရာလည်းရောက်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
မတော်တဆမှုများကြောင့် အရေးပေါ်အခြေအနေများ ကြုံတွေ့ရသောအချိန်အခါမျိုးတွင် ထိခိုက်ခံစားရသူများကို အချိန်မီကူညီကယ်တင်နိုင်ရန် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ သူနာတင်ယာဉ်လုပ်ငန်းနှင့်အတူ ရှေးဦးပြုစုခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြည်သူများဘေးအန္တရာယ် လျော့ပါးသက်သာစေရန်အတွက် ရှေးဦးပြုစုခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတဝှမ်းရှိ နေရာဒေသများတွင် ရှေ့တန်းကဆောင်ရွက်လျက်ရှိရာ ရန်ကုန်-မန္တလေးအမြန်လမ်းတွင်လည်း ပြည်သူများ ယာဉ်မတော်တဆထိခိုက်မှုနှင့် အရေးပေါ်ကျန်းမာရေးအခြေအနေများ ကြုံတွေ့ပါကကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ၂၀၁၃ ခုနှစ် မတ်လမှစ၍ ၁၁၅ မိုင်ရှေးဦးသူနာပြုစုခြင်းစခန်း၊၂၀၁၃ ခုနှစ် သြဂုတ်လတွင် ၂၈၅ မိုင်ရှေးဦးသူနာပြုစုခြင်း စခန်းနှင့်၂၀၁၇ ခုနှစ်တွင် ၂၀၂ မိုင်ရှေးဦးသူနာပြုစုခြင်းစခန်းများကို ဖွင့်လှစ်ထားရှိပြီး ယခုအချိန်ထိ အရေးပေါ် ထိခိုက်ဒဏ်ရာကြုံတွေ့ခဲ့သူ ၁၅၀၁၉ ဦးကို အရေးပေါ်ရှေးဦးပြုစုခြင်းများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
