လျှပ်စစ်မီးပြတ်မှုများကြောင့် ရေတွန်းစက်များ ဟန်ချက်ညီစွာ မမောင်းနှင်နိုင်သဖြင့် အချို့နေရာများ ရေဖိအားနည်းခြင်း၊ ရေပြတ်တောက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း အသိပေးတောင်းပန်ချက်တစ်စောင်ကို မေ ၉ ရက်က ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏ Facebook Page မှ ထုတ်ပြန်ခဲ့သည်။
အဆိုပါအသိပေးတောင်းပန်ချက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် နွေရာသီကာတွင် ရန်ကုန်မြို့တော်နေပြည်သူများ သောက်သုံးရေးပြတ်လပ်မှု မရှိစေရေးအတွက် ကြိုတင်စီမံ၍ သောက်သုံးရေအဓိကဖြန့်ဖြူးပေးဝေနေသည့် လှော်ကား၊ ဂျိုးဖြူ၊ဖူးကြီးနှင့် ငမိုးရိပ်ရေလှောင်ကန်များတွင် ရေလုံလောက်စွာ သိုလှောင်ထားရှိကြောင်း သိရသည်။
သို့သော်လည်း ရေအရင်းအမြစ်ဖြစ်သည့် ရေလှောင်ကန်ကြီးများမှ တွန်းပို့ပေးဝေလျက်ရှိသော ရေတွန်းစက်ကြီးများတွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်း၊ မြို့နယ်အသီးသီးရှိ ထပ်ဆင့်ရေတွန်းစက်များတွင် မကြာခဏအချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဖြစ်ပေါ်သဖြင့် ရေတွန်းစက်များ ဟန်ချက်ညီညီ မောင်းနှင်နိုင်ခြင်း မရှိသောကြောင့် ရေပိုက်လိုင်းများအတွင်း ရေဖိအားလျော့နည်း၍ အချို့နေရာများတွင် ရေအားလျော့နည်းခြင်း၊ ရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ရေသုံးစွဲမှုအဆင်မပြေဖြစ်ရခြင်းအတွက် သည်းခံနားလည်ပေးပါရန်နှင့် လတ်တလော ရေလိုအပ်ချက်အတွက် ရေကားများစီစဉ်ပေးမည်ဖြစ်သဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး ၀၉-၂၅၀၂၈၃၈၂၃၊ အနောက်ပိုင်းခရိုင်ရုံး ၀၉- ၇၈၂၂၂၄၂၄၇၊ တောင်ပိုင်းခရိုင်ရုံး ၀၉- ၅၀၅၄၅၆၅၊ မြောက်ပိုင်းခရိုင်ရုံး ၀၉-၂၅၃၈၃၅၂၇၅ သို့ ဆယ်သွယ်ရယူနိုင်ကြောင်း အသိပေးကြေညာခဲ့သည်။
လျှပ်စစ်မီးမလုံလောက်မှုကြောင့် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် အလှည့်ကျ မီးပေးစနစ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းတွင် လာမည့်ဇွန်လအထိ ဝန်အားထိန်းညှိကာ ဓာတ်အားပေးသည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ညပိုင်းတွင် စက်မှုဇုန်များအား ဓာတ်အားပေးနိုင်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ခေတ္တ CEO ဦးအောင်ကျော်ဦးက ပြောကြားထားသည်။
ယခုနှစ်တွင် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနေသည့် ဆည်များအား ထိန်းသိမ်းမောင်းနှင်ခဲ့သော်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏသည် ခန့်မှန်းထားသည်ထက် တိုးတက်လာခဲ့ခြင်းကြောင့် မဖြစ်မနေ ထုတ်ယူသုံးစွဲခဲ့ရကြောင်း၊ လာမည့် မုတ်သုံရာသီရောက်မှသာ ဝန်အားလျှော့ချနေရသည့် အခက်အခဲများအား ကျော်လွှားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
