Eleven Media Group နှင့်စေတနာရှင်များ ပူးပေါင်း၍ မေ ၁၀ ရက်က သောက်သုံးရေရှားပါးနေသော ညောင်ဦးမြို့နယ် ပနီတွင်းကျေးရွာနှင့် ကံကျဲတဲတိုက်တို့မှ အိမ်ခြေ ၂၀၀ ကျော်အတွက် သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့သည်။
ညောင်ဦးမြို့နယ် ပနီတွင်းကျေးရွာတွင် အိမ်ခြေ ၁၆၀ ခန့်ရှိပြီး ကန်ရေခန်းခြောက်ခြင်းနှင့် ရွာရှိစက်ရေတွင်းမှာ ရေငန်သာထွက်ရှိခြင်းများကြောင့် သောက်သုံးရေချိုရရှိရေး ခက်ခဲနေသည့်အတွက် Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ကံကျဲကျေးရွာ၊ ပနီတွင်းကျေးရွာနှင့် ခွေးပြုတ်ကျေးရွာတို့မှ ဒေသခံများ စုပေါင်းနေထိုင်သည့် ကံကျဲတဲတိုက်မှ ဒေသခံများ အဓိကထားသုံးစွဲနေသည့် စက်ရေတွင်းမှာ ချို့ယွင်းခြင်းနှင့် ကန်ရေခန်းခြောက်ခြင်းများကြောင့် ရေတစ်စည်လျှင် ကျပ် ၂၀၀၀ ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
“ကျွန်တော်တို့ တဲတိုက်မှာ အိမ်ခြေ ၆၀ ကျော်ရှိပါတယ်။ ယခင်ကတော့ စက်ရေတွင်းသုံးလိုက် ကန်ရေသုံးလိုက်ပါ။ စက်ရေတွင်းက သုံးရေတော့ ရပါတယ်။ သောက်ဖို့နဲ့ ချက်ပြုတ်ဖို့တော့ ကန်ရေအားထားရပါတယ်။ ကန်ရေခန်းတာလည်း ပြာသိုလကတည်းကဆိုတော့ စက်ရေအားထားရပါတယ်။ အခု စက်ရေတွင်းပျက်တော့ လာရောင်းတဲ့ရေကားကနေ ဝယ်သုံးရတယ်။ နွေဆိုတော့ လူရောနွားရော တစ်နေ့တစ်စည်ကတော့ကုန်တယ်။ တောင်သူအတွက် ဒီငွေကမလွယ်ပါဘူး။ ခုလိုရေအလှူကားလာရင်တော့ ငွေကုန်သက်သာပြီး ရေချိုရပါတယ်” ဟု ကံကျဲတဲတိုက်မှ ဦးတင်မောင်ဝင်းက ပြောကြားသည်။
အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှပံ့ပိုးသည့် ရေသယ်ယာဉ်ဖြင့် Eleven Media Group နှင့် စေတနာရှင်များ ရေလှူဒါန်းမှုကြောင့် ညောင်ဦးမြို့နယ် ပနီတွင်းကျေးရွာနှင့် ကံကျဲတဲတိုက်တို့မှ အိမ်ခြေ ၂၀၀ ကျော်တို့မှာ သောက်သုံးရေချိုငါးရက်စာခန့် ဖူလုံစေခဲ့သည်။
သောက်သုံးရေရှားပါးနေသော ညောင်ဦးမြို့နယ် ပနီတွင်းကျေးရွာနှင့် ကံကျဲတဲတိုက်တို့မှ အိမ်ခြေ ၂၀၀ ကျော်အတွက် ရေလှူဒါန်းခြင်း အပါအဝင် အခြားသော ရေရှားပါးသည့် ကျေးရွာများအား ရေလှူဒါန်းရန်အတွက် Eleven Media Group ရေလှူဒါန်းမှုအစီအစဉ်သို့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ (နေပြည်တော်) မှ ကျပ် ၅၀၀၀၀၀၊ ရွှေချိန်ခွင်မိသားစု (ပခုက္ကူ ) မှ ကျပ် ၃၅၀၀၀ ၊ ဦးစန်းလွင် (ဒုညွှန်မှုး ၊ ဆည်မြောင်း) မိသားစုမှ ကျပ် ၃၅၀၀၀၊ ဒေါ်မြစိန်မိသားစု (ပခုက္ကူ) မှ ကျပ် ၂၀၀၀၀ လှူဒါန်းခဲ့သည်။
Eleven Media Group နှင့်စေတနာရှင်များ ပူးပေါင်း၍ လာမည့်ရက်များတွင် သောက်သုံးရေရှားပါးနေသော မြိုင်မြို့နယ် ပန်းတိုင်းတော၊ ရွာတန်းရှည်၊ ဆိပ်ချေး၊ အင်းမနှင့် ရေစကြိုမြို့နယ်အတွင်း ကျေးရွာများသို့ ရေဆက်လက်လှူဒါန်းမည်ဖြစ်သည်။
နေ့အပူချိန်မြင့်တက်ခြင်း၊ လျှပ်စစ်မီး လုံလောက်စွာမရရှိခြင်းနှင့် ကန်ရေခန်းခြောက်ခြင်းများကြောင့် ရေရှားမှု ကြုံတွေ့သည့် ကျေးရွာများပြားလာပြီး မိုးခေါင်မှု ဆက်လက်ဖြစ်ပေါ်နေပါက ရေရှားပါးမှုအား ကာလရှည် ကြုံတွေ့ရနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။
Eleven Media Group နှင့်စေတနာရှင်များ ပူးပေါင်း၍ရေအခက်အခဲအား ကူညီပေးရုံသာမက စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ၏ ရေလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနေပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေလထိ ရေဂါလန်တစ်သန်းကျော် လှူဒါန်းထားပြီးဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
