ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် လစ်သူယေးနီးယားအသင်းနှင့် ယူရိုခြေစစ်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ကစားသမားဘဝတစ်လျှောက် ကလပ်နှင့် နိုင်ငံအသင်းအတွက် ဟက်ထရစ်အရေအတွက်စုစုပေါင်း (၅၅) ကြိမ် ရှိလာကြောင်း သိရသည်။
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် လစ်သူယေးနီးယားအသင်းနှင့် ယူရိုခြေစစ်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ကစားသမားဘဝတစ်လျှောက် ကလပ်နှင့် နိုင်ငံအသင်းအတွက် ဟက်ထရစ်အရေအတွက်စုစုပေါင်း (၅၅) ကြိမ် ရှိလာကြောင်း သိရသည်။
နိုဝင်ဘာ (၁၄) ရက်က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ပေါ်တူဂီအသင်းက လစ်သူယေးနီယားအသင်းကို အိမ်ကွင်း၌ (၆-ဝ) ဂိုးဖြင့် အနိုင်ရပြီး စီရော်နယ်လ်ဒိုက (၇)မိနစ်တွင် ပယ်နယ်တီမှ အဖွင့်ဂိုး၊ (၂၂) မိနစ်တွင် ပယ်နယ်တီဧရိယာအပြင်ဘက်မှ ကန်ချက်ဖြင့် ဒုတိယဂိုး၊ (၆၅) မိနစ်တွင် (၁၈) ကိုက်စည်းအတွင်းမှကန်ချက်ဖြင့် တတိယဂိုးသွင်းယူကာ ဟက်ထရစ်ရရှိခဲ့သည်။
ယင်းဟက်ထရစ်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် စီရော်နယ်လ်ဒို၏ (၉) ကြိမ်မြောက် ဟက်ထရစ်နှင့် ယခုနှစ်အတွင်း တတိယအကြိမ် သွင်းယူနိုင်ခြင်းဖြစ်သည်။
၎င်း၏ ကစားသမားဘဝ ကလပ်နှင့် နိုင်ငံအသင်းအတွက် ဟက်ထရစ်စုစုပေါင်းမှာလည်း (၅၅) ကြိမ်အထိရှိလာပြီး အဓိကပြိုင်ဘက်ဖြစ်သူ ဘာစီလိုနာနှင့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီထက် (၃)ကြိမ်အသာရထားသည်။
ထို့ပြင် စီရော်နယ်လ်ဒို၏ နိုင်ငံတကာသွင်းဂိုးအရေအတွက်မှာ (၉၈) ဂိုးရှိလာပြီး ဂိုး (၁ဝဝ) ပြည့်ရန် (၂)ဂိုးသာလိုအပ်တော့သလို သမိုင်းတစ်လျှောက် ဂိုးအများဆုံးစံချိန်ထားသည့် အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီ၏ (၁၀၉) ဂိုးကိုလိုက်မီရန် (၁၁) ဂိုးသာ လိုအပ်တော့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
