မြန်မာအသင်းသည် စက်တင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပထမပွဲတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ခံစစ်ပိုင်းမှာလည်း အမှားများခဲ့ သောကြောင့် ဇော်ရဲထွန်းကို အားဖြည့်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ရာဒူလိုဗစ်သည် စက်တင်ဘာ ၁၀ ရက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဂျပန်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည့် အိမ်ကွင်းပွဲအတွက် ရတနာပုံနောက်ခံလူ ဇော်ရဲထွန်းကို အားဖြည့်ရွေးချယ်ခဲ့ကြောင်း သိရသည်။
မြန်မာအသင်းသည် စက်တင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပထမပွဲတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ခံစစ်ပိုင်းမှာလည်း အမှားများခဲ့ သောကြောင့် ဇော်ရဲထွန်းကို အားဖြည့်ခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ကစားရမယ့် ဂျပန်အသင်းက အာရှရဲ့အကောင်းဆုံးအသင်း ဖြစ်တဲ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကြိမ်ကြိမ် ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မွန်ဂိုလီးယား အသင်းနဲ့ပွဲအပြီးမှာ အပြောင်းအလဲတွေ အများကြီးပြုလုပ်သွားမှာပါ။ နည်းပြချုပ် အနေနဲ့လည်း သုံးပွဲကိုင်တွယ်ထားပြီးဖြစ်တာကြောင့် ကစားသမားတွေအကြောင်းကို ကောင်းကောင်းသိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ကစားသမားတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေပေးနေပါတယ်။ ခံစစ်ကိုအားဖြည့်တဲ့အနေနဲ့ ရတနာပုံနောက်ခံလူ ဇော်ရဲထွန်းကို အားဖြည့်ခဲ့တာဖြစ်ပါတယ်။ ဂျပန်နဲ့ပွဲမှာ ခံစစ်ဦးစားပေးကစားမှာ ဖြစ်တာကြောင့် နည်းပြချုပ်အနေနဲ့ ခံစစ်အားဖြည့်ခဲ့တာဖြစ်ပါတယ်" ဟု မြန်မာ့လက်ရွေးစင်အသင်း အုပ်ချုပ်သူဦးသန်းတိုးအောင်က ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၇ ရက် နံနက်အစောပိုင်းတွင် မွန်ဂိုလီးယားနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ညနေပိုင်းမှစတင်ကာ ဂျပန်နှင့်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေ စစ်ပွဲ အဖွင့်ပွဲွတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သောကြောင့် ဖိအားများရင်ဆိုင်နေရပြီး အိမ်ကွင်းပထမဆုံးပွဲတွင်လည်း အာရှထိပ်သီး ဂျပန်အသင်းနှင့် တွေ့ဆုံနေသည်။ ယင်းပွဲကို ညနေ ၆ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
