နယ်သာလန်အသင်းသည် ပထမအကျော့ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့သလို ဂျာမနီအသင်းအား အဝေးကွင်း၌ လေးဂိုးသွင်းယူနိုင်ခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုးက အိမ်ကွင်း၌ ရှုံးပွဲကြုံတွေ့ခဲ့ သောကြောင့် စိတ်ပျက်မိသော်လည်း နယ်သာလန်အသင်းက ပိုကောင်းအောင်ကစား နိုင်ခဲ့ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ယူရို-၂၀၂၀ ခြေစစ်ပွဲများကို စက်တင်ဘာ ၆ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားရာ ဂျာမနီအသင်းသည် နယ်သာလန်အသင်းကို ဦးဆောင်ဂိုး စတင်သွင်းယူနိုင်သော်လည်း အိမ်ကွင်း၌ (၂-၄) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ပြီး ရှုံးပွဲစတင်ကြုံတွေ့ခဲ့သည်။ နယ်သာလန်အသင်းသည် ပထမအကျော့ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့သလို ဂျာမနီအသင်းအား အဝေးကွင်း၌ လေးဂိုးသွင်းယူနိုင်ခြင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
သို့ဖြစ်ရာ ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက "ဒီရလဒ်အတွက် ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ နယ်သာလန်က ပိုကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဘောလုံးပိုင်ဆိုင်မှုအသာ မရသလို နည်းစနစ်ပိုင်းဆိုင်ရာသတ်မှတ်ချက်အရလည်း ပုံမှန်အောက်ပဲ ကစားနိုင်ခဲ့ပါတယ်။ ဒီရလဒ်ကို အမြန်ဆုံးပြောင်းလဲပစ်နိုင်ဖို့ မျှော်လင့်ပါတယ်။ မြောက်အိုင်ယာလန်နဲ့ပွဲမှာ နိုင်ပွဲပြန်ရဖို့လိုပါတယ်" ဟု သုံးသပ် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
