စာချုပ်ပါအချက်အရ မက်ဆီအနေဖြင့် အသက် ၃၂ နှစ်ပြည့် ချိန်မှစ၍ ရာသီကုန်ဆုံးချိန် ဇွန် ၃၀ ရက် ရောက်တိုင်း အသင်းနှင့်လမ်းခွဲ၍ ထွက်ခွာခွင့်ရထားကြောင်း စပိန်သတင်းစာ EL Pais က ဖော်ပြခဲ့ရာ ဘာတိုမူက ယင်းအချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက မက်ဆီအနေဖြင့် လက်ရှိစာချုပ်မကုန်ဆုံးမီ အသင်းနှင့်လမ်းခွဲ၍ ထွက်ခွာခွင့်ရှိသော်လည်း စိုးရိမ်မှုမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
မက်ဆီနှင့် ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားသည့်စာချုပ်မှာ နှစ်နှစ်ကျန်ရှိနေသေးပြီး ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သို့သော် စာချုပ်ပါအချက်အရ မက်ဆီအနေဖြင့် အသက် ၃၂ နှစ်ပြည့် ချိန်မှစ၍ ရာသီကုန်ဆုံးချိန် ဇွန် ၃၀ ရက် ရောက်တိုင်း အသင်းနှင့်လမ်းခွဲ၍ ထွက်ခွာခွင့်ရထားကြောင်း စပိန်သတင်းစာ EL Pais က ဖော်ပြခဲ့ရာ ဘာတိုမူက ယင်းအချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၆ ရက်က ဘာစီလိုနာအသင်းပိုင် Barca TV နှင့်တွေ့ဆုံစဉ် ဘာတိုမူက "လီယိုမက်ဆီရဲ့စာချုပ်က ၂၀၂၀- ၂၁ ရာသီအထိဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားအနေနဲ့ နောက်ဆုံးရာသီမတိုင်ခင် ဘာကာကနေ ထွက်ခွာခွင့်ရှိပါတယ်။ ဒါက ဇာဗီ၊ ပူယိုးလ်၊ အင်နီယေစတာတို့ရဲ့ နောက်ဆုံးစာချုပ်မှာပါဝင်တဲ့အချက်နဲ့ အတူတူပါပဲ။ သူတို့တွေက လွတ်လပ်စွာဆုံးဖြတ်ခွင့်နဲ့ ထိုက်တန်သူတွေပါ။ သူတို့အားလုံးက ဘာကာအတွက် စိတ်ရောကိုယ်ပါမြှုပ်နှံထားသူတွေဖြစ်လို့ ကျွန်တော်တို့အနေနဲ့ စိတ်ပူစရာမရှိပါဘူး။ ကျွန်တော်တို့ကတော့ မက်ဆီကို ၂၀၂၁ ခုနှစ်နောက်ပိုင်းကာလတွေမှာလည်း ဘာကာအတွက် ဆက်ကစားပေးစေ ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စအတွက် စိုးရိမ်ပူပန်မှုမရှိဘဲ အေးအေးဆေးဆေးပါပဲ" ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ပရော်ဖက်ရှင်နယ်ကစားသမားဘဝ တစ်လျှောက်လုံး ဘာစီလိုနာတစ်သင်းတည်း၌သာ ကစားလာသူ မက်ဆီသည် ပြီးခဲ့သည့် ဇွန် ၂၄ ရက်တွင် အသက် ၃၂ နှစ်ပြည့်မြောက်ခဲ့ပြီး စာချုပ်ကုန်ဆုံးချိန် ၂၀၂၁ ခုနှစ်တွင် ၃၄ နှစ်ရှိနေမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
