အာဆင်နယ်အသင်းနည်းပြဟောင်းဖြစ်သူ အာစင်ဝင်းဂါးက လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာမှာ တစ်ကိုယ်ကောင်းဆန်သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းနည်းပြဟောင်းဖြစ်သူ အာစင်ဝင်းဂါးက လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာမှာ တစ်ကိုယ်ကောင်းဆန်သည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
ဆာလာသည် ပြီးခဲ့သည့်တစ်ပတ်ကကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ဘန်လေ (၀-၃) လီဗာပူးလ်ပွဲတွင် ဆာလာသည် မာနေကို ဘောလုံးမပေးခဲ့သည့်အတွက် မာနေ၏ စိတ်ဆိုးဒေါသထွက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဆာလာသည် ဂိုးရနိုင်သည့်အခွင့်အရေးတစ်ခုကို လူကပ်ထားခြင်းမခံရသည့် မာနေကို ဘောလုံးမပေးဘဲ ကိုယ်တိုင်ကန်သွင်းခဲ့ရာ လွဲချော်ခဲ့သဖြင့် မာနေက ၄င်းကိုစိတ်ဆိုးခဲ့ပြီး လူစားလဲခံရချိန်တွင် ဒေါသပေါက်ကွဲခဲ့သည်။
ယင်းပြဿနာတွင် ပရိသတ်အများစုက ဆာလာ၏ တစ်ကိုယ်ကောင်းဆန်မှုကို ဝေဖန်ခဲ့ကြပြီး ယခုအခါ အာစင်ဝင်းဂါးကပါ ဆာလာသည် ကိုယ်တိုင်ဂိုးသွင်းရန်သာ အာရုံစိုက်နေသူဖြစ်သည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
'' ဆာလာကစားတာက မက်ဆီနဲ့ ဆင်ပါတယ်။ ဒါပေမဲ့ ဆာလာအနေနဲ့ မက်ဆီလိုတစ်သမတ်တည်း ခြေစွမ်းပြနိုင်ဖို့လိုပါတယ်။ ဆာလာက အဆုံးသတ်သေချာတဲ့ ကစားသမားပါ။ ဒါပေမဲ့ မက်ဆီကအရာရာတိုင်းမှာ ပြီးပြည့်စုံသူဖြစ်ပြီး သူက ဘယ်အချိန်မှာ ဘောလုံးပေးရမယ်။ ဘယ်အချိန်မှာ ကန်သွင်းရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ ဆာလာကတော့ ကိုယ်တိုင်ဂိုးသွင်းဖို့ကိုပဲ အာရုံစိုက်ထားပုံပေါ်ပါတယ်။ ဒါကြောင့် မာနေနဲ့ ပြဿနာမျိုးပေါ်လာတာပါ။ ဆာလာအနေနဲ့ နောက်ပိုင်းကျရင်တော့ ဘယ်အချိန်မှာ ဘောလုံးပေးသင့်တယ်။ ဘယ်အချိန်မှာကန်သွင်းသင့်တယ်ဆိုတာကို သိလာမယ်လို့ထင်ပါတယ်" ဟု အာစင်ဝင်းဂါးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
