အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲတွင် ၀ါရင့်အမေရိကန်ကစားသမား ဆရီနာဝီလျံ နှင့် ဆယ်ကျော်သက် ကနေဒါနိုင်ငံသူ အန် ဒရီယက်စ်စကူးတို့ တွေ့ဆုံလျက်ရှိသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် ဆရီနာဝီလျံ (ဆီဒင် ၈) က ယူကရိန်းနိုင်ငံသူ ဆဗီတိုလီနာ (ဆီဒင် ၅) ကို ၆-၃၊ ၆-၁ ဖြင့် နှစ်ပွဲပြတ်၊ အန်ဒီရီယက်စ်စကူး (ဆီဒင် ၁၅) က ဆွစ်ဇာလန်နိုင်ငံသူ ဘန်ချစ် (ဆီဒင် ၁၃) ကို ၇-၆ (၇-၃)၊ ၇-၅ ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့သည်။
အသက် ၃၇ နှစ်ရှိပြီဖြစ်သည့် ဆရီ နာဝီလျံသည် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ခြောက်ကြိမ်အထိ ဗိုလ်စွဲထားပြီး Open Era ၌ ပူးတွဲအအောင်မြင်ဆုံးကစားသမားအဖြစ် ရပ်တည်နေသလို ဗိုလ်လုပွဲသို့ ၁၀ ကြိမ်မြောက် တက်ရောက်ခွင့်ရခြင်းဖြစ်သည်။
အသက် ၁၉ နှစ်သာရှိသေးသည့် အန်ဒရီ ယက်စ်စကူးမှာမူ ကစားသမားဘဝ လေးကြိမ်မြောက် ဂရင်းစလင်းပြိုင်ပွဲတွင် အမြင့်ဆုံးရပ်တည်မှုအဖြစ် ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်လာခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ယခုပြိုင်ပွဲမတိုင်မီ သြဂုတ်လအတွင်း ကျင်းပသည့် Rogers Cup (ကနေဒါအိုးပင်း)ပြိုင်ပွဲ ဗိုလ်လုပွဲ၌ ပူပူနွေးနွေးတွေ့ဆုံထားပြီး ပထမပွဲတွင် အန်ဒရီယက်စ်စကူးက ၃-၁ ဖြင့် ဦးဆောင်ကစားနေစဉ် ဆရီနာဝီလျံက ဒဏ်ရာကြောင့် အရှုံးပေးခဲ့ရသည်။
သို့ဖြစ်ရာ ဆရီနာဝီလျံအနေဖြင့် အန်ဒရီယက်စ်စကူးကို Rogers Cup ပြိုင်ပွဲ ရှုံးကြွေးပြန်ဆပ်ရမည့်အပြင် ၂၀၁၇ ခုနှစ် သြ စတြေးလျအိုးပင်းပြိုင်ပွဲနောက်ပိုင်း အောင်မြင်မှုနှင့်ဝေးကွာနေခြင်းကို အဆုံးသတ်ရမည်ဖြစ်သည်။
ထို့အပြင် ဆရီနာဝီလျံသည် ယခုပွဲတွင် အနိုင်ရဗိုလ်စွဲပါက သမိုင်းတစ်လျှောက် ဂရင်းစလင်းချန်ပီယံဆုအများဆုံး စံချိန်တင် ထားသည့် သြစတြေးလျဂန္ထဝင်တင်းနစ်မယ် မာဂရက်ကော့တ်၏ ချန်ပီယံဆု ၂၄ ကြိမ်ကို လည်း အမီလိုက်နိုင်မည်ဖြစ်သည်။
ဆရီနာဝီလျံနှင့် အန်ဒရီယက်စ်စကူးတို့ ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် စက်တင်ဘာ ၈ ရက် နံနက် ၂ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး FOX Sports ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
