ပရီးမီးယားလိဂ်အဖွဲ့ချုပ်မှ သြဂုတ်လအတွက် ချီးမြှင့်မည့် တစ်လာတာ အကောင်းဆုံးဘောလုံးသမားဆု၊ နည်းပြဆုနှင့် သွင်းဂိုးဆု ရရှိသူများကို စက်တင်ဘာလ ၉ ရက် မြန်မာစံတော်ချိန် ည(၁၁)နာရီခွဲတွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ(၆)ရက်က ထုတ်ပြန်ခဲ့သည့် အကောင်းဆုံးဘောလုံးသမား ဆန်ခါတင်စာရင်းတွင် ပွတ်ကီ(နောဝစ်ချ်)၊ အဂွဲရိုး(မန်စီးတီး)၊ စတာလင်(မန်စီးတီး)၊ ဒီဘရိုင်းနား(မန်စီးတီး)၊ ဖေမီနို(လီဗာပူးလ်)၊ အက်ရှ်လေဘန်းစ်(ဘန်လေ) တို့ ပါဝင်လျက်ရှိသည်။
ပွတ်ကီသည် ပြီးခဲ့သည့်ရက်ပိုင်းက ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(PFA)မှချီးမြှင့်သော ပရိသတ်များ ရွေးချယ်သည့် တစ်လတာအကောင်းဆုံးဆုကိုလည်း ဆွတ်ခူးထားခဲ့သည်။
အကောင်းဆုံးနည်းပြဆု ဆန်ခါတင်စာရင်း၌ ဂွါဒီယိုလာ(မန်စီးတီး)၊ ယာဂန်ကလော့ပ်(လီဗာပူးလ်)၊ ရွိုင်းဟော့ဒ်ဆန်(ပဲလေ့စ်)၊ ဘရန်ဒန်ရော်ဂျာ(လက်စတာ) တို့ ရွေးချယ်ခံရကြောင်း သိရသည်။
အကောင်းဆုံးသွင်းဂိုးဆုအတွက်မူ ပွတ်ကီ(နောဝစ်ချ် ၃-၁ နယူးကာဆယ်၊ သြဂုတ် ၁၇)၊ ဒူးဂလပ်စ်လူးဝစ်ဇ်(အက်စတွန်ဗီလာ ၁-၂ ဘုန်းမော်၊ သြဂုတ် ၁၇)၊ နေးဗက်စ်(ဝုလ်ဗ် ၁-၁ မန်ယူ၊ သြဂုတ် ၁၉)၊ ဟာဗေးဘန်းစ်(ရှက်ဖီးယူနိုက်တက် ၁-၂ လက်စတာ၊ သြဂုတ် ၂၄)၊ ဝီလ်ဆင်(ဘုန်းမောက် ၁-၃ မန်စီးတီး၊ သြဂုတ် ၂၅)၊ အက်ရှ်လေဘန်းစ် (ဝုလ်ဗ် ၁-၁ ဘန်လေ၊ သြဂုတ် ၂၅)၊ ဗာဒီ(လက်စတာ ၃-၁ ဘုန်းမောက်၊ သြဂုတ် ၃၁)၊ အဂွဲရိုး(မန်စီးတီး ၄-၀ ဘရိုက်တန်၊ သြဂုတ် ၃၁)တို့ ဆန်ခါတင်စာရင်းဝင်လျက်ရှိသည်။
တစ်လတာအကောင်းဆုံးဆုများအတွက် premierleague.com တွင် ဘောလုံးပရိသတ်များ ဝင်ရောက်မဲပေးနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
