(၃၈)နှစ်အရွယ်ရှိ ကင်မရွန်းနာမည်ကြီး တိုက်စစ်မှူး အီတူးသည် ကစားသမားဘဝမှ အနားယူခဲ့ပြီဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်က အတည်ပြုကြေညာခဲ့သည်။
၎င်းသည် သူ၏ Instragram တွင် အားလုံး ပြီးဆုံးခဲ့ပြီး စိန်ခေါ်မှုအသစ်ဆီသို့ သွားပြီဖြစ်ကြောင်းနှင့် ကြီးမားသောချစ်ခြင်းများဖြင့် အားလုံးကို ကျေးဇူးတင်ပါသည်ဟု ယင်းနေ့ညက တင်ရှိခဲ့ခြင်းဖြစ်သည်။
သူ၏ပရိုကစားသမားဘဝကို ရီးယဲလ်အသင်းနှင့် စတင်ခဲ့သော်လည်း ၃ ပွဲသာ ကစားခွင့်ရခဲ့ပြီး ဘာစီလိုနာ၊ အင်တာမီလန်၊ ချယ်လ်ဆီး၊ အဲဗာတန်နှင့် ဆမ်ဒိုးရီးယားစသည့် အသင်းအများအပါအဝင် ကလပ်အသင်း (၁၃)သင်းတွင် ကစားခဲ့ပြီးနောက် (၂၂)နှစ်တာ ကစားသမားဘဝကို အဆုံးသတ်ခဲ့သည်။
ဘာစီလိုနာကစားသမားဘဝမှာ သူ့အတွက် အအောင်မြင်ဆုံးဖြစ်ခဲ့ကာ အသင်းကို ချန်ပီယံလိဂ်ဖလား (၂)ကြိမ်နှင့် လာလီဂါ ဖလား (၃)ကြိမ် ဆွတ်ခူးခဲ့ပြီး အင်တာမီလန်အသင်းနှင့်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဖလား(၃)လုံး ချန်ပီယံဖြစ်ခဲ့သည်။
ချယ်လ်ဆီး၊ အဲဗာတန်စသည့် ပရီးမီးယားလိဂ်အသင်းများတွင်မူ အီတူးမှာ ကာလတိုသာ ကစားခဲ့သည်။
အီတူးသည် ယခုနှစ်အစောပိုင်းက ကာတာ SC အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
