ဆိုးလ်ရှား သည် မန်ယူအသင်းတွင် ပယ်နယ်တီကန်မည့်သူများ အဖြစ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်နှင့်ကွင်းလယ်လူပေါ့ဘာတို့ကို ရွေးချယ်ထားခြင်း ဖြစ်သည်။
မန်ယူအသင်းတွင် ပယ်နယ်တီကန်မည့်သူ ရွေးချယ်ထားခြင်းနှင့်ပတ်သက်၍ ဆောက်သမ်တန် ဂန္ထဝင်လီတက်ဆီယာက မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအား ဝေဖန်ပြောကြားခဲ့သည်။
ဆိုးလ်ရှား သည် မန်ယူအသင်းတွင် ပယ်နယ်တီကန်မည့်သူများ အဖြစ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်နှင့်ကွင်းလယ်လူပေါ့ဘာတို့ကို ရွေးချယ်ထားခြင်း ဖြစ်သည်။
ကစားသမားဘဝတွင် ပယ်နယ်တီ(၄၈)လုံးကန်ရာ၌ တစ်လုံးသာလွဲချော်ခဲ့သည့် လီတက်ဆီယာက "ဒါဟာ ပရော်ဖက်ရှင်နယ်မဆန်ဘဲ အပျော်တမ်းကျောင်းသားအဆင့်ကစားသမားတွေ အတွက်ဆုံးဖြတ်ချက်မျိုးပါ။ ဒီကိစ္စမျိုးမှာ နည်းပြဖြစ်သူကပြတ်သားရပါတယ်။ အကောင်းဆုံးတစ်ဦးကိုသာ ရွေးချယ်သင့်ပါတယ်။ ကျွန်တော်တို့တုန်းကဆိုရင် လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေအချင်းချင်း ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီတုန်းက ကျွန်တော့်အသက်(၂၀)သာ ရှိသေးပေမယ့်အနိုင်ရပြီး အသင်းအတွက် ပယ်နယ်တီကန်ရတဲ့သူ ဖြစ်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
