စီရော်နယ်လ်ဒိုသည် ယူရိုခြေစစ်ပွဲဂိုးသွင်း အများဆုံးစာရင်းတွင် ဒုတိယနေရာ၌ ပူးတွဲရပ်တည်နေသည့် ဒိန်းမတ်တိုက်စစ်မှူးဟောင်း တိုမာဆင်ကိုကျော်ဖြတ်နိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးဖြစ်သည့် အိုင်ယာလန် တိုက်စစ်မှူးဟောင်း ရော်ဘီကင်း၏ စံချိန်ကိုကျော်ဖြတ်ရန် (၃) ဂိုးသာလိုတော့ကြောင်း သိရသည်။
ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို သည် ဆားဘီးယားအသင်းအား အနိုင်ရသည့်ပွဲတွင် (၁)ဂိုး သွင်းယူပြီးနောက် ယူရိုခြေစစ်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် အိုင်ယာလန်တိုက် စစ်မှူးဟောင်း ရော်ဘီကိန်း၏စံချိန်ကို ကျော်ဖြတ်နိုင်ရန် (၃) ဂိုးသာလိုတော့ကြောင်း သိရသည်။
မနေ့က ကစားခဲ့သည် ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ် ဆားဘီးယား (၂-၄) ပေါ်တူဂီပွဲတွင် စီရော်နယ်လ်ဒိုသည် ပွဲချိန်မိနစ် (၈၀) ၌ ပေါ်တူဂီအသင်းအ တွက် တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ အဆိုပါဂိုးမှာ စီရော် နယ်လ်ဒိုအတွက် ယူရို-၂၀၂၀ ခြေစစ်ပွဲတွင် ပထမဆုံးသွင်းဂိုးဖြစ်ခဲ့သော်လည်း ယူရိုခြေစစ်ပွဲသမိုင်းတွင်မူ (၂၁)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ယူရိုခြေစစ်ပွဲဂိုးသွင်းအများဆုံးစာရင်းတွင် ဒုတိယနေရာ၌ ပူးတွဲရပ်တည်နေသည့် ဒိန်းမတ်တိုက်စစ်မှူးဟောင်း တိုမာဆင်ကိုကျော်ဖြတ်နိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးဖြစ်သည့် အိုင်ယာလန် တိုက်စစ်မှူးဟောင်း ရော်ဘီကင်း၏ စံချိန်ကိုကျော်ဖြတ်ရန် (၃) ဂိုးသာလိုတော့ကြောင်း သိရသည်။
ရော်ဘီကင်းသည် အိုင်ယာလန်လက်ရွေးစင်အသင်းတွင် ၁၉၉၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၁၈) နှစ်ကြာ ကစားခဲ့ပြီး ယူရို ခြေစစ်ပွဲ (၅) ကြိမ်ကစားခဲ့ကာ (၄၄) ပွဲတွင် (၂၃) ဂိုးသွင်းယူပြီး ယင်းစံချိန်ကို တင်ထားခဲ့ခြင်း ဖြစ်သည်။ ရော်ဘီကင်းသည် ဆားဘီးယားနှင့် ပေါ်တူဂီတို့၏ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်မတိုင်မီ သူ၏ Instagram တွင် စီရော်နယ်လ်ဒိုအနေဖြင့် ဂိုးသွင်းစံချိန်များစွာ ပိုင်ဆိုင်ထားသည့်အတွက် မိမိ၏ ယူရိုခြေစစ်ပွဲဂိုးသွင်း စံချိန်ကို ချမ်းသာပေးရန် နောက်ပြောင်တောင်းဆိုခဲ့ကြောင်း သိရသည်။ ရော်ဘီကိန်းက သူ၏ Instagram Story တွင် "ခရစ္စတီယာနို (စီရော်နယ်လ်ဒို) မင်းအနေနဲ့ စံ ချိန်တွေပိုင်ဆိုင်ထားတာ လုံလောက်နေပြီ ထင်တယ်။ ငါရဲ့ စံချိန်လေးကိုတော့ ချန်ထားခဲ့ပါကွာ" ဟု ရေးသားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယူရိုခြေစစ်ပွဲ (၅) ကြိမ်အ တွင်း ပွဲ (၃၀) ကစားရာတွင် (၂၁)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ယူရိုပြိုင်ပွဲ(ဖိုင်နယ်အဆင့်)တွင် (၉) ဂိုးသွင်းယူပြီး ပြင်သစ်ဂန္ထဝင်တိုက်စစ် မှူးဟောင်း ပလာတီနီနှင့်အတူ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသလို၊ ယူရိုပြိုင်ပွဲ (ဖိုင်နယ်အဆင့်+ခြေစစ်ပွဲ)တွင်လည်း သွင်းဂိုး (၃၀) ဖြင့် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
