မွန်ပြည်နယ် ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီး ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ ကိုးမိုင်တံတားချဉ်းကပ်လမ်းမှာ ယနေ့နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက် ၂ နာရီဝန်းကျင်အချိန်ခန့်က အဆိုပါ ကိုးမိုင်တံတားဘက်မှ ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရကြောင်း ၊ ပေါက်ကွဲမှုအရှိန်ကြောင့် ကိုးမိုင်တံတားအနီးဝန်းကျင်ရှိ နေအိမ်တချို့ရှိ မှန်ပြတင်းပေါက်များ အက်ကွဲပျက်ဆီးမှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး " ရေးမြို့ဘက်ကနေ ထားဝယ်မြို့ဘက်အသွား တံတားချဉ်းကပ်လမ်းကတော့ ပျက်ဆီးသွားတယ်။ ပင်မတံတားတော့ ထိခိုက်ပျက်ဆီးမှုမရှိခဲ့ဘူး။ အခုပြန်လည်ပြင်ဆင်မှုတွေလုပ်ဆောင်နေပါတယ်'' ဟု ပြောကြားသည်။
အဆိုပါ ကိုးမိုင်တံတားချဉ်းကပ်လမ်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို မသိရသေးကြောင်း ၎င်းဒေသခံက ဆိုသည်။
ထို မိုးမိုင်တံတားချဉ်းကပ်လမ်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်အတွက် နှစ်ဖက်မော်တော်ယာဉ်များ သွားလာ၍မရဘဲ ယာဉ်အစီးရေ ရာနှင့်ချီကစောင့်ဆိုင်းနေကြရကြောင်းလည်း ခရီးသွားပြည်သူများထံမှ သိရသည်။
"အစောပိုင်းကတော့ ဆိုင်ကယ်တွေလောက်တော့ သွားလာလို့ ရတယ်။ ကားတွေတော့ သွားလာလို့မရဘူး။ အခု (နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီ)က ပျက်ဆီးသွားတဲ့ ချဉ်းကပ်လမ်းနေရာကို ပြင်ဆင်နေပါတယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။
ရေးမြို့နယ် ကိုးမိုင်ကျေးရွာအနီးရှိ ကိုးမိုင်တံတားမှာ ထားဝယ်- ရေးကားလမ်းမ မိုင်တိုင်အမှတ်၁၀၇/၁ နှင့် ၁၀၇/၂ ကြားတွင်တည်ရှိသော တံတားအမှတ် (၁/၁၀၈) ဖြစ်ကြောင်း၊ အလျား (၁၈၀) ပေ၊ အကျယ် (၃၄) ပေရှိ သံကူညွန်ကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း၊ ၂၀၀၂ ခုနှစ်က ဇွန် ၁ ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် မေ ၃၁ ရက်တွင် တည်ဆောက်ပြီးခဲ့သည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
