ကျိုက်လတ်မြို့အနီး ယမန်နေ့ ညနေပိုင်းအချိန်က လှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်နေကြောင့် ဧရာဝတီ နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တချို့၌ သာသနိကအဆောက်အအုံတချို့နှင့်လူနေအိမ်တချို့ ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ နိုဝင်ဘာလ (၂၀) ရက်နေ့ ညနေ (၅) နာရီ (၄၈) မိနစ် (၃၀) စက္ကန့်အချိန်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၄၂) မိုင်အကွာ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့၏ အနောက်ဘက် (၃) မိုင်အကွာကို အနက် (၁၀) ကီလိုမိတာခန့်အား ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သော အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၅) ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာလ (၂၀) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်အချိန်ခန့်က တော်လဲသံနှင့်အတူ ပြင်းအား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း နှင့် ထိုငလျင်လှုပ်ခတ်ပြီးသည့်နောက်ပိုင်းတွင်လည်း ငလျင်ငယ် (၂) ကြိမ်ခန့်ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း ကျိုက်လတ်မြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “အိမ်မှာရှိတဲ့ ဘုရားစင်က ပန်းအိုးတွေကျကွဲတာမျိုး၊ တံခါးတွေ၊ ဘီဒိုတွေ လှုပ်ရမ်းသွားတာမျိုးတွေဖြစ်ခဲ့တယ်။ တချို့နေရာတွေမှ အဆောက်အုံထိခိုက်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
ထိုအင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်မှုအား ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်၊ ဖျာပုံ၊ အိမ်မဲ၊ ပန်းတနော်၊ ဝါးခယ်မ၊ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေးမြို့နယ်များအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကော့မှူး၊ လှိုင်၊ စမ်းချောင်း၊ သာကေတ အစရှိသည့်မြို့နယ်များတွင်လည်း ခံစားခဲ့ကြရကြောင်း သိရသည်။
၎င်းငလျင်လှုပ်ခတ်မှုကြောင့် ကော့မှူးမြို့နယ်၊ ကျိုက်ထော်တောင်ကျေးရွာအတွင်းရှိ ဆုတောင်းပြည့်စေတီတော်၏ စိန်ဖူးတော် မြေခပျက်ဆီးခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။
၎င်းကဆက်လက်ပြီး “ငလျင်ဒဏ်ကြောင့် ကျိုက်ထော်တောင်ကျေးရွာအတွင်းမှာရှိတဲ့ ဆုတောင်းပြည့်စေတီတော်ရဲ့ စိန်ဖူးတော် မြေခပျက်ဆီးခဲ့ရပါသလို၊ နေအိမ်အဆောက်အအုံတချို့လည်း ထိခိုက်ပျက်ဆီးမှုတချို့ရှိခဲ့ပါတယ်” ဟု ပြောကြားသည်။
ယခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံအနှံ့တွင် ငလျင်လှုပ်ခတ်ခဲ့သည့်အကြိမ်ပေါင်း (၃၅) ကြိမ်ရှိခဲ့ကြောင်း ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး အစရှိသော တိုင်းဒေသကြီးများအတွင်း ငလျင်သတိပြုရန် ငလျင်စောင့်ကြည့်လေ့လာသူများက အသိပေးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
