တိုရီနိုအသင်းသို့ ရောက်ရှိလာသည့် ကစားသမားသစ် ဆာနာဘရီယာသည် ကိုရိုနာဗို်င်းရပ်စ်ကူးစက်ခံထားရကြောင်း သိရသည်။
အသက် (၂၄)နှစ်အရွယ် ပါရာဂွေးတိုက်စစ်မှူး ဆာနာဘရီယာသည် တိုရီနိုအသင်းနှင့် (၄)နှစ်စာချုပ်ချုပ်ပြီး ဆေးစစ်ဆေးမှုပြုလုပ်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဆာနာဘရီယာသည် စီးရီးအေပြိုင်ပွဲအတွေ့အကြုံရှိသူဖြစ်ပြီး ဂျီနိုအာအသင်းတွင် (၁၇)ပွဲကစားခဲ့ကာ (၆)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
တိုရီနိုအသင်းနည်းပြ နီကိုလာသည် တိုက်စစ်ပိုင်းကိုအားဖြည့်ရန် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတစ်ခုလုံးကြိုးပမ်းခဲ့ပြီး ဆာနာဘရီယာကို ဘက်တစ်အသင်းမှ ခေါ်ယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
တိုရီနိုအသင်း၏ ကြေညာချက်တွင် ''ဆေးစစ်ဆေးမှုပြုလုပ်ပြီးနောက် ဆာနာဘရီယာသည် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံထားရကြောင်း တွေ့ရှိရသဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း သီးခြားနေထိုင်သွားရမည်ဖြစ်ကြောင်း'' ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
