အင်တာမီလန်အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် ဘင်နီဗန်တိုနှင့် စီးရီးအေပွဲတွင် ဂိုးသွင်းယူနိုင်ပြီးနောက် လက်ရှိရာသီဥရောပထိပ်တန်းလိဂ် (၅)ခု၌ သွင်းဂိုး (၁၀)ဂိုးနှင့်အထက်သွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းက ဘင်နီဗန်တိုအသင်းကို (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိရာသီဥရောပထိပ်တန်းလိဂ် (၅)ခုတွင် သွင်းဂိုး (၁၀)ဂိုးနှင့် အထက်သွင်းယူထားနိုင်သည့် အသက်အငယ်ဆုံးကစားသမားများအဖြစ် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း၊ PSG တိုက်စစ်ကစားသမား ဘာပေ၊ စတုဂတ်တိုက်စစ်မှူး ဆီလက်စ်ဝါမန်ဂီတူကာတို့နှင့်အတူ လော်တာရိုမာတီနက်ဇ် ရပ်တည်နေခြင်းဖြစ်သည်။
လော်တာရိုမာတီနက်ဇ်က '' ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲပါပဲ။ ဘင်နှီဗန်တိုက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့သာ ကျွန်တော်တို့ ဦးဆောင်ခွင့်ရခဲ့တာပါ။ ကျွန်တော်က တိုက်စစ်မှူးတစ်ဦးဖြစ်လို့ ဂိုးတွေသွင်းချင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာ အသင်းရလဒ်ကောင်းဖို့ပါပဲ။ အင်တာမီလန်အသင်းကောင်းစားရေးအတွက် ကျွန်တော် အမြဲကြိုးစားသွားပါမယ်'' ဟု ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီး တစ်နှစ်လစာယူရို (၂ .၅)သန်းမှ ယူရို (၄.၅)သန်းအထိ တိုးမြှင့် ပေး၍ ၂၀၂၄ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
