နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ၏ တရားသူကြီးများက အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမာ့စ်တပ်မှူးတို့ကို ဖမ်း၀ရမ်းများထုတ်ပြန်လိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြခဲ့သည်။
ICC ၏ တရားစီရင်ပိုင်ခွင့်နှင့်ပတ်သက်ပြီး အစ္စရေး၏ စိန်ခေါ်မှုများကို ကနဦးကြားနာစစ်ဆေးမှုတွင် ပယ်ချခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအက် ဂဲလန့်တို့ကို ဖမ်း၀ရမ်းများ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဟားမာ့စ်အဖွဲ့၏ တပ်မှူးတစ်ဦးဖြစ်သည့် မိုဟာမက် ဒီအစ်ဖ်ကိုလည်း ICC က ဖမ်း၀ရမ်းထုတ်ပြန်ခဲ့ပြီး အစ္စရေးစစ်တပ်ကမူ ဒီအစ်ဖ်သည် ဇူလိုင်လအတွင်းက ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်း ပြောကြားထားသည်။
ဖမ်း၀ရမ်းထုတ်ခံခဲ့ရသည့် အမျိုးသား သုံးဦးသည် အစ္စရေး-ဟားမာ့စ်စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့် ရာဇဝတ်မှုများအတွက် ပြစ်မှုဆိုင်ရာ တာဝန်ရှိကြောင်း ခိုင်လုံသည့်အကြောင်းအချက်များရှိသည်ဟု တရားသူကြီးများက ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့တို့ကမူ ICC ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
ICC က ဖမ်း၀ရမ်းထုတ်ခဲ့သည့်တိုင် ICC ၏ အဖွဲ့ဝင် ၁၂၄ နိုင်ငံအနေဖြင့် ၎င်းတို့ကို ဖမ်းဆီးမည် ဟုတ်၊ မဟုတ်ကို ကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
Ref: BBC
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
