မေဂျာလိဂ်အသင်းသစ် ဆန်ဒီယေဂိုအသင်း၏ ရှယ်ယာရှင်စာရင်းတွင် မာတာ ပါဝင်လာ
24htopnews | November 22, 2024 8:12 PM CST
ချယ်လ်ဆီးနှင့် မန်ယူအသင်း ကွင်းလယ်လူဟောင်း ဟွမ်မာတာသည် မေဂျာလိဂ်အသင်းသစ်ဖြစ်သည့် ဆန်ဒီယေဂိုအသင်း၏ ရှယ်ယာရှင်စာရင်းတွင် ပါဝင်လာကြောင်း သိရသည်။
အသက် ၃၆ နှစ်ရှိပြီဖြစ်သူ မာတာသည် ပြီးခဲ့သည့် စက်တင်ဘာတွင် ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘီအသင်းမှ သြစတြေးလျကလပ် Western Sydney Wanderers အသင်းသို့ ပြောင်းရွှေ့ကစားနေသူဖြစ်သည်။
၎င်းအနေဖြင့် လက်ရှိကစားနေသည့် ဘောလုံးသမားများအနက် မေဂျာလိဂ်အသင်း၏ အစုရှယ်ယာပိုင်ဆိုင်သည့် ပထမဆုံးကစားသမားဖြစ်လာကြောင်း ဆန်ဒီယေဂိုအသင်းက နိုဝင်ဘာ ၂၀ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
ဆန်ဒီယေဂိုအသင်းကို ၂၀၂၃ ခုနှစ် မေ ၁၈ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၅ ရာသီမှစ၍ အသင်း ၃၀ မြောက်အဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
