အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် လက်ဘနွန်လူငယ်အမျိုးသမီးဘောလုံးသမားတစ်ဦး သတိမေ့မျောနေပြီး ကိုမာအခြေအနေခံစားနေရကြောင်း လက်ဘနွန်ဘောလုံးအဖွဲ့ချုပ် (LFA) ၏ ထုတ်ပြန်မှုအရ သိရသည်။
နိုဝင်ဘာ ၁၆ ရက်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တောင်ပိုင်းရှိ အသက် ၁၉ နှစ်အရွယ် စီလင်းဟိုင်ဒါဟု အမည်ရသူ လူငယ်အမျိုးသမီးဘောလုံးသမားတစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့သည်။
၎င်း၏ဒဏ်ရာကို ချက်ချင်းခွဲစိတ်ခဲ့သော်လည်း လေးရက်အကြာတွင် ဦးနှောက်အတွင်းမှ သွေးယိုစိမ့်မှု ပြန်လည်ဖြစ်ပွားလာပြီး ကိုမာအခြေအနေသို့ ရောက်ရှိသွားကြောင်း LFA က နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
''သူက ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဦးခေါင်းဒဏ်ရာရရှိခဲ့တာပါ။ အဲဒီနေ့မှာပဲ ခွဲစိတ်မှုခံယူခဲ့ပါတယ်။ ဆရာဝန်တွေက သွေးယိုစိမ့်မှုကို အောင်မြင်စွာရပ်တန့်နိုင်ခဲ့ပြီး သူ့ရဲ့အခြေအနေကလည်း တည်ငြိမ်လာပါတယ်။ သူ့ကို အနီးကပ်စောင့်ကြည့်မှုအောက်မှာ ထားရှိတာပါ။ ဒါပေမဲ့ ဒီနေ့မှာ သူ့ရဲ့အခြေအနေက ဆိုးရွားလာပြီး သွေးယိုစိမ့်မှုလည်း ပြန်ဖြစ်လာပြီးတော့ ကိုမာဖြစ်သွားပါပြီ'' ဟု LFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂါဇာနှင့် လက်ဘနွန်စစ်ပွဲကြောင့် လက်ဘနွန်နှင့် ပါလက်စတိုင်းကစားသမားများ ဒဏ်ရာရရှိမှု၊ အသက်ဆုံးရှုံးမှုများအတွက် ပိုမိုရပ်တည်ပြောဆိုပေးရန် FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) နှင့် UEFA (ဥရောပဘောလုံးအဖွဲ့ချုပ်) တို့အပေါ် တောင်းဆိုမှုများ လူမှုမီဒီယာတွင် ပြုလုပ်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
