ဝက်စ်ဟမ်းနည်းပြ လိုပယ်တယ်ဟီ၏အနာဂတ်ကို လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲတွင် အဆုံးအဖြတ်ဖြစ်ဖွယ်ရှိကြောင်း ဗြိတိန်မီ ဒီယာများက ဖော်ပြလျက်ရှိသည်။
စပိန်နည်းပြ လိုပယ်တယ်ဟီ(၅၈ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် ဝက်စ်ဟမ်းအသင်းကို စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး (၂)နှစ် စာချုပ် ချုပ်ဆိုခဲ့သည့်အပြင် တစ်နှစ်ထပ်မံ သက်တမ်းတိုးနိုင်သည့် သဘောတူညီမှုလည်း ပါဝင်ခဲ့သည်။
သို့သော် ၎င်းအနေဖြင့် ရလဒ်ကောင်းများ ရယူပေးနိုင်ခြင်းမရှိဘဲ ပြိုင်ပွဲစုံ (၁၃)ပွဲ ယှဉ်ပြိုင်ကစားရာ၌ (၄)ပွဲသာ အနိုင်ရရှိ ပြီး (၆)ပွဲရှုံးနိမ့်ခဲ့သည်။
လိဂ်ဖလားပြိုင်ပွဲ၌ လီဗာပူးလ်ကို ဂိုးပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို၊ ပရီးမီးယားလိဂ်တွင်လည်း အဆင့်(၁၄) နေရာသို့ ရောက်ရှိနေသည့်အတွက် လိုပယ်တယ်ဟီအနေဖြင့် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းအစားဆုံးနည်းပြအဖြစ် ရပ်တည်လျက်ရှိသည်။
ဗြိတိန်မီဒီယာအချို့က ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူများသည် ၎င်းကို ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟုပင် ဖော်ပြခဲ့ကြသည်။
မီဒီယာအများစုကမူ ယခုတစ် ပတ်ယှဉ်ပြိုင်ရမည့် နယူးကာဆယ်နှင့်ပွဲ၊ လာမည့်တစ်ပတ် ယှဉ်ပြိုင်ရမည့် အာဆင်နယ်နှင့်ပွဲများတွင် ရလဒ်မကောင်းခဲ့ပါက ရာထူးမှ ထုတ်ပယ်ခံရလိမ့်မည်ဟု သုံးသပ်ထားသည်။
ဝက်စ်ဟမ်းအသင်းသည် ၎င်း၏နေရာတွင် အစားထိုးရန်အတွက် နည်းပြသစ်ကို ရှာဖွေနေပြီဟုလည်း သတင်းထွက်ပေါ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
