ကမ္ဘာ့ဘောလုံးလောကတွင် နောက်ဆုံး(၁၀)နှစ်အတွင်း အပြောင်းအရွှေ့အသုံးစရိတ်အများဆုံးအဖြစ် ပရီးမီးယားလိဂ်က ဦးဆောင်ခဲ့ပြီး ဒုတိယနေရာတွင် ဆော်ဒီပရိုလိဂ်က ရပ်တည်ခဲ့ကြောင်း သိရသည်။
အဆိုပါအသုံးစရိတ်စာရင်းကို နာမည်ကျော် ဘောလုံးသုတေသနအဖွဲ့ CIES က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၁၀)နှစ်အတွင်းတွင် ပရီးမီးယားလိဂ်သည် ကစားသမားခေါ်ယူမှုအတွက် ယူရို(၁၁.၆)ဘီလီ ယံအထိ သုံးစွဲခဲ့ကြောင်း သိရသည်။
ဆော်ဒီပရိုလိဂ်က ယူရို (၁.၈)ဘီလီယံ သုံးစွဲခဲ့သည့်အတွက် ပရီးမီးယားလိဂ်၏နောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တတိယနေရာတွင် စီးရီးအေက ယူရို(၁.၅)ဘီလီယံ ဖြင့် ရပ်တည်ခဲ့ပြီး စတုတ္ထနေရာတွင် တရုတ်စူပါလိဂ်က ယူရို (၁.၄)ဘီလီယံဖြင့် ရပ်တည်ခဲ့သည်။
အပြောင်းအရွှေ့အတွက် ငွေကြေးသုံးစွဲမှုအများဆုံး လိဂ်ပြိုင်ပွဲ(၁၀)ခုထဲတွင် ဥရောပထိပ်သီးလိဂ်(၅)ခုထဲမှ ပြင်သစ်လိဂ်တစ်ခုသာ မပါဝင်ဘဲ ကျန်လိဂ်(၄)ခုစလုံး ပါဝင်ခဲ့သည်။
လာလီဂါက (၀.၈)ဘီလီ ယံဖြင့် အဆင့်(၅)နေရာ၊ ဘွန်ဒစ်လီဂါက (၀.၆)ဘီလီယံဖြင့် အဆင့်(၆)နေရာတွင် ရပ်တည်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး(၁၀)နှစ်အတွင်း ကစားသမားအပြောင်းအရွှေ့မှ ငွေကြေးအကျိုးအမြတ်အများဆုံးရရှိသည့်လိဂ်အဖြစ် ပေါ်တူဂီပရီးမီးယားလီဂါက ဦးဆောင်ခဲ့ပြီး ယူရို(၂.၃၉)ဘီလီယံအထိ ရရှိခဲ့သည်။
ဒုတိယနေရာတွင် ဘရာဇီးလ်စီးရီးအေနှင့် နယ်သာလန်လိဂ်တို့က ယူရို(၁.၄၉)ဘီလီယံစီဖြင့် ပူးတွဲရပ်တည်ခဲ့သည်။
အင်္ဂလန်လိဂ်ချန်ပီယံရှစ်သည် ယူရို(၁.၄၈) ဘီလီယံဖြင့် စတုတ္ထနေရာတွင် ရပ်တည်ခဲ့ပြီး ဒုတိယတန်းလိဂ်ပြိုင်ပွဲများထဲ၌ အကျိုးအမြတ်အများဆုံးရရှိသည့်လိဂ်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ပြင်သစ်လိဂ်သည် ငွေသုံးအများဆုံးလိဂ်(၁၀)ခုစာရင်းတွင် ပါဝင်ခြင်းမရှိခဲ့သော်လည်း ပြင်သစ်ဒုတိယတန်းလိဂ်ဖြစ်သည့် လီဂူး-၂ မှာမူ ငွေကြေးအကျိုးအမြတ်အများဆုံးလိဂ်(၁၀)ခုစာရင်းတွင် အဆင့်(၇)နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
