Top News

■ ဂျော်ဂျင်ဟိုကို ခေါ်ယူရန် ဘက်ဆစ်တက်အသင်း ချိန်ရွယ်နေ     
24htopnews | November 22, 2024 8:12 PM CST

ဘက်ဆစ်တက်အသင်းသည် အာဆင်နယ်အသင်းမှ အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို လာမည့်နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။ 

ဂျော်ဂျင်ဟိုသည် အာဆင်နယ်နည်းပြ အာတီတာနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိနေသော်လည်း အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရသည့်အတွက် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် ရောင်းထုတ်ခံရဖွယ်ရှိကြောင်း သတင်းထွက်နေသည်။ 

ဘက်ဆစ်တက်အသင်းက ၎င်းကို ဇန်နဝါရီတွင် အငှားဖြင့်ခေါ်၍ နွေရာသီတွင် အပြီးသတ်ခေါ်ယူရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၃၂) နှစ်အရွယ်ရှိ ဂျော်ဂျင်ဟိုသည် ယခုရာသီ အာဆင်နယ်အသင်းတွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ ပွဲ (၇)ပွဲသာ ပါဝင်ကစားခွင့်ရထားသည်။ 

ဂျော်ဂျင်ဟိုအား ခေါ်ယူရန် ဘက်ဆစ်တက်အသင်းအပြင် စီးရီးအေကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

 


READ NEXT
Cancel OK