Top News

■  (၁၂၅)နှစ်ပြည့်အခမ်းအနားအတွက် မက်ဆီကို ဘာစီလိုနာအသင်း ဖိတ်ကြား     
24htopnews | November 22, 2024 8:12 PM CST

ဘာစီလိုနာအသင်းသည် အသင်းတည်ထောင်မှု (၁၂၅)နှစ်ပြည့် အခမ်းအနားအတွက် တိုက်စစ်မှူးဟောင်း မက်ဆီကို ဖိတ်ကြားခဲ့ကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် နိုဝင်ဘာ(၂၉)တွင် အသင်းတည်ထောင်မှု (၁၂၅)နှစ်ပြည့် မြောက်မည်ဖြစ်ပြီး ယင်းနေ့တွင် အသင်းအတွက် ပုံရိပ်ကြီးမားခဲ့သည့် ကစားသမားဟောင်းများနှင့်အတူ နှစ်ပတ်လည် အခမ်းအနား ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။ 

ထို့ကြောင့် အရေးအပါဆုံးကစားသမားတစ်ဦးဖြစ်သည့် မက်ဆီကို ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး မက်ဆီကလည်း တက်ရောက်ဖွယ်ရှိကြောင်း သိရသည်။

အသက် (၃၇) နှစ်အရွယ်ရှိ Ballon d'Or (၈) ကြိမ်ရှင် မက်ဆီသည် ဘာစီလိုနာ၏ နာမည်ကျော်အကယ်ဒမီ လာမာစီယာထွက် ကစားသမားဖြစ်ပြီး ဘာစီလိုနာအသင်းတွင် ၂၀၀၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကစားခဲ့သူဖြစ်သည်။ 

မက်ဆီသည် ဘာစီလိုနာအသင်းတွင် လာလီဂါ (၁၀ ကြိမ်၊ ချန်ပီယံလိဂ် (၄) ကြိမ်အပါအဝင် ဆုဖလား (၃၄) လုံးအထိ ရယူနိုင်ခဲ့သည်။ 

၎င်းသည် ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း (၇၇၈) ပွဲအထိ ကစားခဲ့ပြီး ပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နေသလို၊ ဂိုးပေါင်း (၆၇၂) ဂိုးအထိ သွင်းယူပြီး အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နေသူဖြစ်သည်။ 


READ NEXT
Cancel OK