အက်သလက်တီကိုအသင်းသည် ချယ်လ်ဆီးအသင်းမှ အာဂျင်တီးနားကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားဖြင့်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
အသက် (၂၃) နှစ်အရွယ်ရှိ အန်ဇိုဖာနန်ဒက်ဇ်သည် ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဘင်ဖီကာအသင်းမှ ချယ်လ်ဆီးအသင်းထံသို့ ပေါင် (၁၀၅)သန်း (ထိုစဉ်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး)ဖြင့် ရောက်ရှိလာခဲ့သူဖြစ်သည်။
အန်ဇိုဖာနန်ဒက်ဇ်သည် ချယ်လ်ဆီးအသင်းသို့ စရောက်ချိန်တွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်း၏အဓိက ကစားသမားအဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။
သို့သော် ၎င်းသည် နည်းပြ မာရက်စကာလက်ထက်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ပွဲထွက်လူစာရင်းမှာ မကြာခဏ ချန်လှပ်ခံခဲ့ရသည်။
အန်ဇိုဖာနန်ဒက်ဇ်အနေဖြင့် ချယ်လ်ဆီးအသင်းတွင် အမာခံကစားသမားအဖြစ် ရပ်တည်နိုင်ရန် ရုန်းကန်နေရသည့်အတွက် အက်သလက်တီကိုအသင်းက ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
ထိပ်တန်းအသင်းများစွာ စိတ်ဝင်စားနေသည့် အန်ဇိုကို ချယ်လ်ဆီးအသင်းကလည်း ပေါင်သန်း(၁၀၀)ဟု တန်ဖိုးသတ်မှတ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
