မန်စီးတီးအသင်းသည် နော်ဝေတိုက်စစ်မှူး ဟာလန်းကို လာမည့် (၅)နှစ်အတွက် ပေါင်သန်း(၁၀၀)ဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဟာလန်း(၂၄ နှစ်)ကို ၂၀၂၂ နွေရာသီ တွင် ဒေါ့မွန်အသင်းထံမှ ခေါ်ယူခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ဆိုခဲ့ သည်။
၎င်းသည် မန်စီးတီးအသင်း တွင် အကောင်းဆုံးခြေစွမ်းပြနေပြီး လက်ရှိအချိန်၌ လာလီဂါထိပ်သီးအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ် နှင့် ဘာစီလိုနာအသင်းတို့၏ ပစ်မှတ်ကစားသမားဖြစ်နေသည့်အပြင်၊ ကစားသမားကိုယ်တိုင်ကလည်း လာလီဂါတွင် ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသည့်အတွက် မန်စီးတီးအသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆို၍ ထိန်းသိမ်းထားရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် မူလက ဟာလန်းအား တစ်ပတ်လစာပေါင်(၅၀၀၀၀၀)အထိ တိုးမြှင့်ပေး၍ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သတင်းထွက်ခဲ့သော်လည်း ယခုအခါ အပိုဆုကြေး များမပါဝင်မီ တစ်နှစ်လျှင် ပေါင်သန်း (၂၀)ရရှိစေမည့် လစာနှုန်းထားဖြင့် (၅)နှစ်စာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာကို (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပြီးနောက် တိုက်စစ်မှူး ဟာလန်းအား နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်းလည်း The Sun က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
