မန်ယူအသင်းသည် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်း၏ ကစားသမားများဖြစ်သည့် အူစမိန်ဒိုင်အိုမန်ဒီနှင့် ဂျီယိုဗန်နီကွမ်ဒါတို့အား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။
စပို့တင်းလစ္စဘွန်းအသင်း၏ နည်းပြဟောင်းဖြစ်သည့် ရူဘင်အာမိုရင်မ်အား မန်ယူနိုက်တက်အသင်း နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးနောက် အ သင်းဟောင်းတွင် ၎င်းနှင့် လက်တွဲခဲ့ဖူးသည့် လူငယ်ကြယ်ပွင့်နှစ်ဦးအား မန်ယူနိုက်တက်အသင်းက ခေါ်ယူလိုနေခြင်းလည်းဖြစ်သည်။
ဒိုင်အိုမန်ဒီသည် အသက် (၂၀) နှစ်အရွယ်သာ ရှိသေးပြီး ကွင်းလယ်ခံစစ်နှင့် နောက်ခံအတွင်းလူနေရာများတွင် ကစားနိုင်သူဖြစ်ကာ၊ ကွမ်ဒါမှာလည်း အသက် (၁၇) နှစ်အရွယ်သာရှိသေးပြီး ပေါ်တူဂီနိုင်ငံ၏ အထွန်းတောက်ဆုံး တောင်ပံကစားသမားတစ်ဦးအဖြစ် သတ် မှတ်ခံထားရသူဖြစ်သည်။
ကွမ်ဒါသည် မန်ယူနိုက်တက်အသင်းနှင့် ဆက်ဆံရေးကောင်းများ ရှိသည့် ပေါ်တူဂီထိပ်တန်းအေးဂျင့်တစ်ဦးဖြစ်သူ ဂျော့ချ်မန်ဒက်စ်နှင့် လက်တွဲထားသည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
