လေဗာကူဆင်အသင်း၏ ဂျာမန်လူငယ် ကွင်းလယ်ကြယ်ပွင့်ကစားသမား ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူလိုသည့် အသင်းများထဲတွင် မန်စီးတီးအသင်းက အခြားအသင်းများထက် အသာစီးရနေကြောင်း ဂျာမန်မီဒီယာများက ဖော်ပြနေကြသည်။
မန်စီးတီးအသင်းသည် အသက် (၂၁)နှစ်အရွယ်သာ ရှိသေးသည့် ဖလော်ရီယန်ဗက်ဇ်အား ရီးယဲလ်မက်ဒ ရစ်အပါအဝင် အခြားဥရောပထိပ် တန်းအသင်းကြီးများထက် လက်ဦးမှုရယူနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး လေဗာကူဆင်အသင်းကလည်း ရောင်းထုတ်လိုနေကြောင်း သိရှိရသည်။
ဖလော်ရီယန်ဗက်ဇ်သည် ပြီးခဲ့သည့်ရာသီက လေဗာကူဆင်အသင်း၏ တစ်ရာသီလုံး ရှုံးပွဲမရှိ ချန်ပီယံခရီးလမ်းတွင် အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း ဂျာမနီအသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်သည်။
မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက ဖလော်ရီယန်ဗက်ဇ်အား ပြီးပြည့်စုံသည့် ကွင်းလယ်ကစားသမားတစ်ဦးဟု တင်စားခဲ့ဖူးသလို လက်ရှိ မန်စီးတီးအသင်းတာဝန်ရှိသူများကလည်း အသင်း၏ အနာဂတ်အတွက် ဗက်ဇ်ကိုခေါ်ယူလိုနေခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ဂျာမန်သတင်းစာများက ဖလော်ရီယန်ဗက်ဇ်ကိုယ်တိုင် ဂွါဒီယိုလာနှင့် ပူးပေါင်းလိုခြင်းက မန်စီးတီး၏ အားသာချက်ဖြစ် သည်ဟု သုံးသပ်နေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
