ဗီရိုနာ - အင်တာမီလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၈:၃၀ နာရီ)
ဗီရိုနာက စီးရီးအေအိမ်ကွင်းနောက်ဆုံးပွဲမှာ ရိုးမားကို အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဗီရိုနာရဲ့ ခံစစ်ကစားပုံကတော့ ဆိုးရွားနေဆဲဖြစ်ပြီး ထိပ်သီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေဆိုရင် ဂိုးအလှူပေးနေရတာကို တွေ့ရတယ်။ အင်တာမီလန်ကတော့ အမှတ်ရသင့်တဲ့ပွဲတိုင်း အနိုင်ကစားခဲ့တယ်။ လက်ရှိချန်ပီယံ အင်တာမီလန် ဂိုးပြတ်နိုင်ပွဲတောင် ရသွားနိုင်တယ်။ (၀-၂၊ ၁-၃)ရလဒ်တွေ ဖြစ်နိုင်တယ်။
အေစီမီလန် - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၁၁:၃၀ နာရီ)
အေစီမီလန်ရဲ့ ကွင်းတွင်းခြေစွမ်းကိုတော့ တည်ငြိမ်မှုနည်းပါးနေဆဲဖြစ်တယ်လို့ ဆိုရမယ်။ နောက်ဆုံးပွဲမှာလည်း ကာဂလီယာရီကို ခံစစ်အားနည်းချက်တွေကြောင့် သရေသာကစားနိုင်ခဲ့တယ်။ နည်းပြ ဖွန်ဆီကာရဲ့ အသင်းက ကစားပုံမဆိုးပေမဲ့ Rhythm မှန်ဖို့ ကြိုးစားနေရတုန်းပဲ။ ဂျူဗင်တပ်စ်ကလည်း ရှုံးပွဲမရှိသေးပေမဲ့ သရေပွဲတွေများနေတယ်။ ဒါပေမဲ့ စီးရီးအေ အဝေးကွင်းနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲအထိ Clean Sheet ရခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့ ခံစစ်ကစားပုံကတော့ အထင်ကြီးစရာကောင်းပါတယ်။ မီလန်မြေမှာ ကစားရမှာဖြစ်ပေမဲ့ ဂျူဗင်တပ်စ်အသင်း မရှုံးနိုင်ဘူး။
ပါးမား - အတ္တလန်တာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၂:၁၅ နာရီ)
အတ္တလန်တာက အကောင်းဆုံးပုံစံပြနေတဲ့အသင်းဖြစ်ပြီး ချန်ပီယံဆုကိုပါ မျှော်လင့်လို့ရနိုင်တဲ့ အနေအထားကို ရောက်လာတယ်။ လွတ်ခ်မန်းဦးဆောင်တဲ့ တိုက်စစ်က အတော့်ကို အားကောင်းနေပြီး ကြယ်ပွင့်တိုက်စစ်မှူး ရေတယ်ဂီကလည်း တကယ်ကို အားကိုးရတယ်။ ပါးမားကလည်း ဂျူဗင်တပ်စ်၊ အေစီမီလန်တို့လို ထိပ်သီးတွေကိုတောင် ဒုက္ခပေးခဲ့တဲ့အသင်းပါ။ ဒါပေမဲ့ အတ္တလန်တာကိုပဲ ကြိုက်တယ်။ ဂိုးများနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
