ဗလင်စီယာ - ဘက်တစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၇:၃၀ နာရီ)
ဗလင်စီယာ ဒီပွဲကို ပြန်ကစားနိုင်ပြီလားပဲ စောင့်ကြည့်ရမယ်။ ရေဘေးကြောင့် အသင်းရဲ့အနေအထားကလည်း အတော်လေးလျော့ရဲနေနိုင်လို့ ပွဲကစားမယ်ဆိုရင်တောင် ဘက်တစ်ကို အသာစီးယူနိုင်ဖို့မရှိပါဘူး။ အဝေးကွင်းပေမယ့် ဘက်တစ် အနိမ့်ဆုံးသရေကစားမှာပါ။
အက်သလက်တီကို - အလာဗတ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၄၅ နာရီ)
နိုဝင်ဘာထဲအဝင်မှာတော့ အက်သလက်တီကိုမူလပုံစံ မှန်အနေအထားမျိုးပြန်ရလာတာတွေ့ရတယ်။ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲဆက်အနိုင်ကစားပြီး အရှိန်ပြန်ယူနေတယ်။ အခုလည်း အဝေးကွင်းအားပျော့တဲ့အပြင် တိုက်စစ်ပိုင်းလည်းလျော့နေတတ်တဲ့ အလာဗတ်စ်လိုအသင်းကို လက်ခံကစားရမှာဖြစ်လို့ အစဉ်အလာလည်းအသာရထားတဲ့ အက်သလက်တီကိုအခက်အခဲသိပ်မရှိပါဘူး။ အက်သလက်တီကိုအနိုင်သေချာတယ်။
လက်စ်ပါမားစ် - မာယော့ကာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၁၂:၀၀ နာရီ)
လက်စ်ပါမားစ်က တောက်လျှောက်ခြေတွေ့နေတယ်။ အစဉ်အလာအရလည်း မာယော့ကာကို အိမ်ကွင်းမှာ လက်ခံကစားရတိုင်း တုံ့ပြန်မှုကောင်းတတ်လို့ အခုလည်း မာယော့ကာဆီက အမှတ်ရအောင်ယူထားနိုင်ဖို့ များနေတယ်။ မာယော့ကာကတော့ အဝေးကွင်းမှာ သရေတစ်မှတ်အတွက်ပဲ ပစ်မှတ်ထားကစားလာမှာပါ။ လက်စ်ပါမားစ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။
ဂျီရိုနာ - အက်စ်ပန်ညို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၁၂:၀၀ နာရီ)
ကတ်တလန်အခြေစိုက်အသင်း (၂)သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဆိုတော့ ပြိုင်ဆိုင်မှုအရှိန်လျော့ဖို့မရှိပါဘူး။ အမှတ်ပြည့်ရဖို့အတွက် အတက်နိုင်ဆုံးအစွမ်းကုန်ရင်ဆိုင်ကြရဖို့များနေတယ်။ အစဉ်အလာနဲ့ ခြေစွမ်းအရတော့ အိမ်ရှင် ဂျီရိုနာကိုပဲ ရွေးထားသင့်တဲ့ပွဲလို့ထင်တယ်။ ဂိုးလည်းများမယ်။
ဆယ်လ်တာဗီဂို - ဘာစီလိုနာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၄ ရက် နံနက် ၂:၃၀ နာရီ)
နိုင်ငံတကာပွဲတွေအပြီး ပြန်ဝင်ချိန်မှာလည်း ဘာစီလိုနာ အဝေးကွင်းပွဲ ဆက်နွှဲရဦးမယ်။ နိုင်ငံတကာပွဲတွေမတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် (၁၃)မှာလည်း ဘာစီလိုနာက အဝေးကွင်းမှာ ဆိုစီဒက်ကို အရေးနိမ့်ထားတယ်။ ဘာစီလိုနာဟာ ဒီရာသီ ယမားလ်ကိုပွဲမထုတ်နိုင်တဲ့ လာလီဂါ (၂)ပွဲစလုံးရှုံးပွဲတွေထားပြီး အခုပွဲမှာလည်း ဒဏ်ရာကြောင့် ယမားလ်မသေချာဘူးဖြစ်နေပြန်တယ်။ ဆယ်လ်တာဗီဂိုကလည်း အိမ်ကွင်းကစားပုံပိုကောင်းတဲ့အပြင် တိုက်စစ်ပိုင်းကလည်း ဂိုးမြူးတက်လို့ ဘာစီလိုနာ သတိထားရမယ့်ပြိုင်ဘက်ဖြစ်နေတယ်။ ဘာစီလိုနာရဲ့လက်ရှိအခြေအနေက ဒဏ်ရာရကစားသမားတွေပြန်လာနိုင်တဲ့အချိန်မှာ အသင်းရဲ့မူလပုံစံပျက်သွားသလိုဖြစ်နေတယ်။ ဒါကြောင့်အခု အဝေးကွင်းပွဲမှာလည်း သတိထားကစားရဖို့ရှိနေပြီး လက်ရှိခြေစွမ်းနဲ့ ကစားသမာစုဖွဲ့မှုအရတော့ ဘာစီလိုနာနိုင်ဖို့ မခက်လှပါဘူး။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
