မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ (၂) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းမှာ ပြိုင်ပွဲစုံ (၄) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။
အသက် (၅၃)နှစ်အရွယ်ရှိ နာမည်ကျော် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ် (၆) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်အပါအဝင် ဆုဖလား (၆) လုံးအထိ ရယူပေးထားသည်။
မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသည့် ဂွါဒီယိုလာ၏ ယခင်စာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် အသင်းမှထွက်ခွာနိုင်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။
သို့သော် မန်စီးတီးအသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့နေရပြီး ပြိုင်ပွဲစုံ (၄) ပွဲဆက်တိုက် ရှုံးနိမ့်ပြီးနောက် ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် (၂) နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "အခုအချိန်မှာ အသင်းကနေ ကျွန်တော် ထွက်ခွာလို့ မရဘူးလို့ ထင်ပါတယ်။ (၄) ပွဲဆက် ရှုံးနိမ့်ခဲ့တာကြောင့် ကျွန်တော် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးတာလည်း ဖြစ်နိုင်ပါတယ်။ ပြိုင်ပွဲစုံ (၄) ပွဲဆက် ရှုံးနိမ့်ပြီးနောက်မှာ ကျွန်တော်တို့အနေနဲ့ ပြန်တုံ့ပြန်ဖို့ ထိုက်တန်ပြီး အခြေအနေကို ပြောင်းပြန်လှန်ဖို့ ကြိုးစားရမှာပါ။ ကျွန်တော်တို့ အောင်မြင်မှုတွေ ဆက်ရနေဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ဒီစကားကို ကျွန်တော် ဘဝမြင့်ပြီး ပြောနေတာ မဟုတ်ပါဘူး။ ဒါက အမှန်တရားမို့လို့ပါ"ဟု အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် လိဂ်ဖလားတွင် စပါးအသင်းကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်တွင် ဘရိုက်တန်၊ ချန်ပီယံလိဂ်တွင် စပို့တင်းလစ္စဘွန်း၊ ပရီးမီးယားလိဂ်တွင် ဘုန်းမောက်အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပြိုင်ပွဲစုံ (၄) ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ခြင်းမှာ မန်စီးတီးအတွက် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့ပြီး အသင်းနည်းပြ ဂွါဒီယိုလာအတွက် သူ၏နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ဂွါဒီယိုလာက ၎င်းအနေဖြင့် မန်စီးတီးအသင်းကို အခက်အခဲများ ကျော်ဖြတ်နိုင်ရန်အတွက် ကူညီရန် ဆုံးဖြတ်ထားကြောင်းနှင့် အရင်ကကဲ့သို့ ခြေစွမ်းတည်ငြိမ်သည့်အသင်းဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် ဂွါဒီယိုလာက မန်စီးတီးအသင်းကို ကုုိင်တွယ်ရခြင်းမှာ အဓိပ္ပာယ်များစွာ ရှိကြောင်းနှင့် မန်စီးတီးအသင်းတွင် သူ လိုချင်တဲ့ အရာအားလုံးကို ရနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
