■ ကလပ်ကမ္ဘာ့ဖလားအတွက် စီးရီးအေ အထူးအပြောင်းအရွှေ့ကာလ သတ်မှတ်ပေးမည်
24htopnews | November 22, 2024 10:12 PM CST
စီးရီးအေသည် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အထူးအပြောင်းအရွှေ့ကာလ သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၅ ဇွန်(၁၅)မှ ဇူလိုင်(၁၃)အထိ ကျင်းပမည်ဖြစ်ပြီး စီးရီးအေမှ အင်တာမီလန်နှင့် ဂျူဗင်တပ်စ်တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထို့ကြောင့် စီးရီးအေက အထူးအပြောင်းအရွှေ့ကာလသတ်မှတ်ပေးရန် စီစဉ်ခြင်းဖြစ်ပြီး တရားဝင်အပြောင်းအရွှေ့စျေးကွက် မဖွင့်လှစ်သေးသည့်အချိန်အတွင်း ဇွန်(၁)ရက်မှ ဇွန်(၁၀)ရက်အထိ ၎င်းတို့၏ ကစားသမားများကို အပြောင်းအရွှေ့ပြုလုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကလပ်အသင်း (၃၂)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
