လေဗာကူဆင် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၀၀ နာရီ)
လေဗာကူဆင်အသင်း သရေပွဲတွေများနေပြီး နောက်ဆုံး (၆)ပွဲမှာ (၅)ပွဲ သရေကျခဲ့တယ်။ ဟိုင်းဟိုင်ကလည်း အခြေအနေဆိုးနေပြီး (၅)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ နိုင်ပွဲပြန်ရှာရမယ့် လေဗာကူဆင် ဂိုးပြတ်လိမ့်မယ်။
စတုဂတ် - ဘိုဟုမ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၀၀ နာရီ)
စတုဂတ်အသင်း ဘွန်ဒစ်လီဂါနောက်ဆုံး(၆)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ ဘိုဟုမ်ကလည်း ဇယားအောက်ဆုံးရောက်နေလို့ စတုဂတ် ဂိုးပြတ်နိုင်ဖို့များတယ်။
ဒေါ့မွန် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၀၀ နာရီ)
ဒေါ့မွန်အသင်းက အိမ်ကွင်း၊ အဝေးကွင်းရလဒ်ပိုင်း ကွာဟချက် အတော်ကြီးနေတယ်။ ဒီရာသီ အိမ်ကွင်း(၅)ပွဲစလုံးကိုတော့ ဒေါ့မွန်အသင်း အနိုင်ကစားထားတာ တွေ့ရတယ်။ ဒါ့အပြင် ဖရိုင်းဘတ်ကိုလည်း ဘွန်ဒစ်လီဂါ နောက်ဆုံး(၆)ရာသီဆက်တိုက် အိမ်ကွင်းမှာ အနိုင်ကစားခဲ့ပြီး ၂၀၀၁ နောက်ပိုင်းကတည်းက ရှုံးပွဲမရှိခဲ့ဘူး။ ဖရိုင်းဘတ်အသင်းက လက်ရှိအမှတ်ပေးဇယားမှာ ဒေါ့မွန်ထက် ပိုမြင့်နေသလို၊ အဝေးကွင်းတွေမှာ ဘိုင်ယန်၊ လိုက်ပ်ဇစ်တို့ကို အရေးနိမ့်ထားပေမဲ့ မဆိုးဘူးလို့ ပြောရမယ့်အနေအထားပါပဲ။ ဒေါ့မွန်ပဲ ရွေးချယ်တာ ပို ကောင်းမယ်။
ဟော်ဖန်ဟင်မ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်း ဘွန်ဒစ်လီဂါ(၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဒီပွဲပြီးရင်လည်း အင်တာမီလန်နဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲကျပ် ကစားရဦးမယ်။ အိမ်ရှင် ဟော်ဖန်ဟင်မ်နဲ့ပဲ စွန့်စားတာ ပိုကောင်းမယ်။
ဝုလ်ဖ်ဘတ် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၉:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်း (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပေမဲ့ ပွဲကျပ်တွေကစားခဲ့ရတာ သတိပြုရမယ်။ အူန်ယွန်းဘာလင် အမှတ်ရလိမ့်မယ်။
ဖရန့်ဖတ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက် ည ၁၂:၀၀ နာရီ)
လတ်တလော ရလဒ်ပိုင်းအရတော့ မျှနေတယ်ဆိုပေမဲ့ ဖရန့်ဖတ်အသင်းက ပွဲပိုကျပ်ခဲ့တယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဖရန့်ဖတ်ပဲ အနိုင်ရဖို့များတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
