မလေးရှားနိုင်ငံတွင် မကြာသေးမီ သီတင်းပတ်များအတွင်းကဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုများကြောင့် လူနေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံ၊ အလုပ်ရုံများ ထိခိုက်ပျက်စီးခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ် လာ ၁.၄ ဘီလျံခန့်ရှိခဲ့သည်ဟု မလေးရှား စာရင်းဇယားဌာနက ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မလေးရှားတွင် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဖြစ်သည့် ဒီဇင်ဘာလလယ်ပိုင်းမှ ဇန်နဝါရီ လအစောပိုင်းအထိရွာသွန်းခဲ့သည့် မုတ်သုံမိုးရွာသွန်းမှုများကြောင့် လူ ၅၀ ခန့်သေဆုံးကာ လူပေါင်း ၁၂၅၀၀၀ ခန့် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။
ယင်းသဘာဝဘေးကြောင့် ဒေါ်လာ ၁.၄၅ သန်း ဆုံးရှုံးနစ်နာခဲ့ ရသည်ဟု အစိုးရ၏ စာရင်းဇယားဌာနက ထုတ်ပြန်ခဲ့သည်။
ဆုံးရှုံးမှုစုစုပေါင်း၏ ထက်ဝက်ခန့်မှာ မလေးရှား၏ အချမ်းသာဆုံးနှင့် လူနေအထူထပ်ဆုံးပြည်နယ်ဖြစ်သည့် ဆီ လန်ဂေါပြည်နယ်မှ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။မလေးရှားနိုင်ငံသည် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ မုတ်သုံရာသီတွင် နှစ်စဉ် ရေလွှမ်းမိုးမှုများဖြစ်ပွားလေ့ရှိသည်။
မလေးရှား အစိုးရသည် ယင်းကဲ့သို့ ရေလွှမ်းမိုးမှုများကို တုံ့ပြန်ဆောင်ရွက်ရာတွင် နှေးကွေးပြီး အားနည်းချက်များရှိခဲ့သည့် အတွက်မကြာခဏ ဝေဖန်ခံရလေ့ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
