တရုတ်၏ တင်းကျပ်သည့် ကပ်ရောဂါဆိုင်ရာတားမြစ်ကန့်သတ်ချက်များနှင့် လေကြောင်းခရီးစဉ်များကို ဟန့်တားနှောင့်ယှက်မှုများကြောင့် ပေကျင်းအိုလံပစ်ပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများကို အစိုးရကိုယ် စားလှယ်များစေလွှတ်မည်မဟုတ်ဟု ထိုင်ဝမ် အားကစား အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်သည် သမ္မတ ရှီကျင်းပင်လက်ထက်တွင် ထိုင်ဝမ်အပေါ် စစ်ရေးနှင့် စီးပွား ရေးဖိအားများတိုးမြှင့်ခဲ့ပြီးနောက် တရုတ်နှင့် ထိုင်ဝမ်အကြားဆက်ဆံရေးများမှာ အနိမ့်ဆုံး အဆင့်အထိကျဆင်းခဲ့ပြီးနောက် ထိုင်ဝမ် အားကစားအာဏာပိုင်အဖွဲ့၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဖွဲ့ဝင် ၁၅ ဦးပါသည့် ထိုင်ဝမ်ကိုယ် စားလှယ်အဖွဲ့သည် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်များနှင့် လေကြောင်းခရီးစဉ် အဆင်မပြေမှုများကြောင့် ပေကျင်းအိုလံပစ်၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများကို တက်ရောက်မည်မဟုတ်ဟု ထိုင်ဝမ် အားကစား အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အားကစားသမား လေးဦးသာပါဝင်သည့် ထိုင်ဝမ်၏ အိုလံပစ် ပြိုင်ပွဲဝင်အဖွဲ့မှ အားကစားသမားများသည် အမေရိကန်၊ ဆွစ်ဇာလန်နှင့် ထိုင်ဝမ်မှ တရုတ်သို့ လေယာဉ်ဖြင့်သွားရောက်လိမ့်မည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြခဲ့သည်။
ပေကျင်းအိုလံပစ်ပြိုင်ပွဲ၏ တင်းကျပ်သည့် ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် ပြည်ဝင်ခွင့်မူဝါဒကြောင့် လေကြောင်းခရီးစဉ်များကို ပြန်လည်ပြင်ဆင်ခဲ့ရပြီး နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင်ကျင်းပမည့် အိုလံပစ်ဖွင့်ပွဲအခမ်းအနားသို့ သက်ဆိုင်သူအားလုံး တက်ရောက်နိုင်မည်မဟုတ်ကြောင်း ထိုင်ဝမ်အားကစား အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံကမူ ဒီမိုကရက်တစ်ထိုင် ဝမ်ကို ၎င်း၏ ကိုယ်ပိုင်နယ်နိမိတ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး တစ်ချိန်ချိန်တွင် လိုအပ်လာပါက အင်အားသုံးပြီး ပြန်လည်သိမ်းယူသွားမည်ဟု ကြုံးဝါးခဲ့သည်။
မကြာသေးမီက တရုတ်၏ ဂျက်လေယာဉ်များသည် စံချိန်တင်အရေအတွက်ဖြင့် ထိုင်ဝမ်ကျွန်း၏ လေကြောင်းကာကွယ်ရေး ဇုန်အနီးတွင် ပျံသန်းခဲ့ပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကလည်း ထိုင်ဝမ်ကို ပြန်လည်သိမ်းယူမည့်ပုံစံဖြင့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။
ထိုင်ဝမ်သည် လွတ်လပ်သည့်နိုင်ငံဖြစ်သည်ဟု ကြေညာခဲ့သည့် ဆန်အင်ဝမ်သည် ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲတွင် သမ္မတအဖြစ် အနိုင်ရရှိခဲ့ပြီးနောက် တရုတ်သည် ဆန်အင်ဝမ် အစိုးရအဖွဲ့နှင့် တရားဝင်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့သည်။
၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပြိုင်ပွဲ ကျင်းပခဲ့ချိန်က တရုတ်နှင့်ထိုင်ဝမ်အကြား ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ယင်းအိုလံပစ်ကို ထိုင်ဝမ်အစိုးရ ကိုယ်စားလှယ်များစွာတက် ရောက်ခဲ့သည်။
ထိုင်ဝမ်နှင့် တရုတ်သည် အိုလံပစ်ပြိုင်ပွဲများကို ကိုယ်စားပြုခွင့်ရရှိရေးနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ အငြင်းပွားခဲ့ကြသည်။ ၁၉၈၁ ခုနှစ်တွင်မူ ထိုင်ဝမ်သည် တရုတ်တိုင်ပေဟူသည့် အမည်အောက်တွင် အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံတကာ အိုလံပစ်ကော်မတီနှင့် သဘောတူညီမှုရရှိခဲ့ပြီး ထိုင်ဝမ်အနေဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကြေညာခြင်းမပြုဘဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
