ရုရှားဘက်မှ အေးတိအေးစက် ထုတ်ပြန်ချက်များကို ထုတ်ပြန်နေသည့်တိုင် သံတ မန်နည်းဖြင့် ဖြေရှင်းရန်မျှော်လင့်ချက်ရှိနေသည်ဟု အမေရိကန်က ထုတ်ဖော်ပြောကြားသည့် အနေအထားတွင် ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်မည်ဆိုပါက အရေးပါသော ဓာတ်ငွေ့ပိုက်လိုင်းကို ဆုံးရှုံးမည့် အန္တ ရာယ်ရှိနေသည်ဟု ဇန်နဝါရီ ၂၇ ရက်တွင် အမေရိကန်နှင့်ဂျာမနီတို့က သတိပေးခဲ့ကြသည်။
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရုရှားဘက်မှ ထုတ်ပြန်ခဲ့သော လုံခြုံရေး တောင်းဆိုချက်များကို တရားဝင်တုံ့ပြန်ခဲ့ကြ ပြီးနောက် တစ်ရက်အကြာတွင် မော်စကို ထိပ်တန်းတာဝန်ရှိသူများက မိမိတို့အဓိက စိုးရိမ်ရသည့်ကိစ္စများကို ဖြေရှင်းခြင်းမပြုခဲ့သော်လည်း မိမိတို့အနေဖြင့် ဆွေးနွေးပွဲအသစ်များအား အထူးသဖြင့် ထည့်မတွက်ဘဲ ထားသည့်အနေအထားမျိုးမဟုတ်ဟု ပြောကြားခဲ့ကြသည်။
အနောက်နိုင်ငံများကိုလိုလားသော ယူကရိန်းနှင့် ထိစပ်နေသည့် နယ်စပ်တွင် ရုရှားက စစ်သားတစ်သိန်း စုထားခဲ့ပြီးနောက် ရုရှားအနေဖြင့်ယူကရိန်းကို ကျူးကျော်ခဲ့မည်ဆိုပါက မြန်ဆန် ဆိုးရွားသော အကျိုးဆက် များကိုကြုံတွေ့ရမည်ဟု အမေရိကန်က ရုရှား ကိုသတိပေးခဲ့သည်။
ဥရောပနိုင်ငံအချင်းချင်း သဘောထား ကွဲလွဲမှုများကို ဆွေးနွေးခဲ့ကြပြီးနောက် ဂျာမ နီနိုင်ငံခြားရေးဝန်ကြီး အန်နယ်လီနာ ဘဲဘော့ က ၎င်း၏အစိုးရအဖွဲ့သည် မဟာမိတ်များနှင့် အတူ ပြင်းထန်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ဂျာမနီလွှတ်တော်ကို ပြောကြားခဲ့ ကာ ထိုအထဲတွင် Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းလည်း ပါဝင်မည်ဟုဆိုသည်။
အမေရိကန်ပြည်ထောင်စုနှင့် အနောက် ဥရောပနိုင်ငံများက ဝေဖန်ခဲ့ကြသည့်တိုင် ယင်းဝေဖန်မှုများကို အရေးမထားဘဲ တည်ဆောက်ခဲ့သော Nord Stream 2 ဓာတ်ငွေ့ ပိုက်လိုင်းသည် ဥရောပအကြီးဆုံးစီးပွားရေး နိုင်ငံ ဂျာမနီသို့ ရုရှားသဘာဝဓာတ်ငွေ့ပေးပို့မှုများကိုနှစ်ဆကျော်ပို့ဆောင်ပေးမည့် ပိုက်လိုင်းဖြစ်သည်။
ရုရှားက ယူကရိန်းကို ကျူးကျော်မည်ဆိုပါက ဂျာမနီသည် ဒေါ်လာဘီလျံများစွာ ကုန်ကျထားသော Nord Stream 2 ဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့များပို့ဆောင်ခြင်းကို ရပ်ထားလိမ့်မည်ဟု ယုံကြည်ကြောင်း အမေ ရိကန်ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သို့ရာတွင် အဆိုပါသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်သော်လည်း စမ်းသပ်မှုနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတည်ပြုမှုတို့ လိုအပ်နေဆဲဖြစ်သည်။
“ရုရှားက ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် တစ်နည်းမဟုတ် တစ်နည်း Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို ရှေ့ဆက် ဆောင်ရွက်တော့မှာမဟုတ်ပါဘူး”ဟု အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြည်သူ့ရေး ရာဒုတိယဝန်ကြီး ဝီတိုရိယနူလန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဂျာမနီကနေ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်တွေဟာ ဒီနေ့အထိတောင် အလွန့်အလွန် အားကောင်းနေတယ်လို့ ကျွန်မထင်ပါတယ်”ဟု နူလန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂျာမနီဝန်ကြီးချုပ်သစ် အိုလော့ဖ်ရှောဇ်သည် ဖေဖော်ဝါရီ ၇ ရက်တွင် အမေရိကန်ကို အလည်လာမည်ဟု အိမ်ဖြူတော်က ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
