(၃)ရက်တစ်ပွဲနှုန်း ယှဉ်ပြိုင်ကစားရန် အဆင်သင့်မဖြစ်သေးဟု ဒီဇယ်ဘီ ဝန်ခံပြောကြား
24htopnews | November 23, 2024 12:12 AM CST
ဘရိုက်တန်အသင်း၏နည်းပြ ဒီဇယ်ဘီက မိမိတို့အနေဖြင့် (၃) ရက်တစ်ပွဲနှုန်း ယှဉ်ပြိုင်ကစားရန် အဆင်သင့်မဖြစ်သေးကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဘရိုက်တန်အသင်းသည် ယူရိုပါလိဂ်၊ လိဂ်ဖလားပြိုင်ပွဲများနှင့် ပွဲဆက်များခဲ့ချိန်တွင် ရလဒ်များဆိုးရွားခဲ့သည့်အတွက် ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်၌ အက်စတွန်ဗီလာအသင်းကို (၁-၆)ဂိုးဖြင့် ရှုံးနိမ့်အပြီးတွင် ဒီဇယ်ဘီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ ကစားတာ အလွန်ဆိုးရွားခဲ့ပြီး ဒါကို နည်းပြတစ်ဦးအနေနဲ့ တာဝန်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ (၃)ရက်တစ်ပွဲနှုန်း ယှဉ်ပြိုင်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ အသင်းရဲ့ စွမ်းအင်ကို ထိန်းနိုင်ဖို့ နည်းမျိုးစုံနဲ့ ကျွန်တော် ကြိုးပမ်းပေမဲ့ မလုံလောက်ပါဘူး''ဟု ဒီဇယ်ဘီက ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
