ပရိသတ်များ၏ လှောင်ပြောင်မှုကို မိမိနားလည်သည်ဟု တန်ဟက်ဂ်ဆို
24htopnews | November 23, 2024 12:12 AM CST
မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်က ပရိသတ်များ၏ လှောင်ပြောင်မှုကို မိမိ နားလည်သည်ဟု ပြောကြားခဲ့သည်။
အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် မန်ယူပရိသတ်များအား အသင်းအား ပြန်လည်အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
''ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အိမ်ကွင်းဖြစ်ဖြစ် အဝေးကွင်းဖြစ်ဖြစ် ပြီးတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားတဲ့အခါ နိုင်ဖို့လိုပါတယ်။ အားလုံးကို လေးစားပေမဲ့ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းက အရမ်းခက်ခဲပြီး အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ဖို့ လိုပါတယ်။ ပရိသတ်တွေက နိုင်ပွဲကို မျှော်လင့်ထားတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ရှုံးနိမ့်ခဲ့ပါတယ်''ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
