တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပနေသော အာရှအားကစားပြိုင်ပွဲ၌ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲများမှာ ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်တွင် တောင်ကိုရီးယားနှင့် ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်နှင့် ဂျပန်တို့ ဆုံတွေ့ပြီး အောက်တိုဘာ(၄)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
တောင်ကိုရီးယားနှင့် ဂျပန်တို့သည် အုပ်စုအဆင့်မှစ၍ ကွာတားဖိုင်နယ်အထိ ပုံမှန်ပွဲချိန်အတွင်း ရာနှုန်းပြည့်အနိုင်ရလာသည့်အသင်းများဖြစ်ပြီး ဗိုလ်စွဲရန်လည်း ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရသည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်တွင် တရုတ်နှင့် ဂျပန်၊ ဥဇဘက်ကစ္စတန်နှင့် မြောက်ကိုရီးယားတို့ ဆုံတွေ့ပြီး အောက်တိုဘာ(၃)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဂိုးအပြိုင်သွင်းပြီး ခြေစွမ်းပြနေသည့် အိမ်ရှင် တရုတ်နှင့် ဂျပန်အသင်းတို့ ထိပ်တိုက်ဆုံတွေ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
