စက်တင်ဘာ (၃၀)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၃ -၂၄ ရာသီ စပိန်လာလီဂါပွဲစဉ် (၈) ဟီရိုနာ (ဝ-၃) ရီးယဲလ်မက်ဒရစ်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးခဲ့သည့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဟမ်သည် ရီးယဲလ်ဂန္ထဝင်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ သွင်းဂိုးစံချိန်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ကြောင်းသိရသည်။
အသက် (၂၀)နှစ်အရွယ်ရှိ ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလကမှ ရီးယဲလ်မက်ဒရစ်အသင်းထံ ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေး ယူရို (၁၀၃)သန်း+Add-ons ဖြင့်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနှင့်ပထမဆုံးရာသီတွင်ပင် အကောင်းဆုံးကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။
ဘယ်လင်ဟမ်သည် ယခုရာသီလာလီဂါပြိုင်ပွဲတွင် ရီးယဲလ်အသင်းအတွက် (၇)ပွဲကစားရာ၌ သွင်းဂိုး (၆)ဂိုးသွင်းယူကာ၊ ဂိုးဖန်တီးမှု (၂)ကြိမ်ပြုလုပ်ပေးခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု (၈)ဂိုးအထိရှိခဲ့ကြောင်းသိရသည်။
ထို့ကြောင့်ဘယ်လင်ဟမ်သည် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ရီးယဲလ်မက်ဒရစ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ရာသီလာလီဂါပွဲစဉ် (၇)ပွဲအပြီး ဂိုးပါဝင်ပတ်သက်မှုအများ ဆုံးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ကာ စံချိန်သစ်တင်ရှိခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်သည် ရီးယဲလ်မက်ဒရစ်ကစားသမားဘ၀ ပထမဆုံးရာသီဖြစ်သည့် ၂၀၀၉-၁၀ ရာသီတွင် လာလီဂါပွဲစဉ် (၇)ပွဲကစားပြီးချိန်၌ ဂိုးပါဝင်ပတ်သက်မှု (၇)ကြိမ် (၆ ဂိုးသွင်း၊ ၁ဂိုးဖန်တီး) ပြုလုပ်ကာ အသင်း၏စံချိန်အဖြစ်တင်ရှိနိုင်ခဲ့ပြီး ယခုအခါ ဘယ်လင်ဟမ်က တစ်ကြိမ်အသာ ဖြင့်ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ဘယ်လင်ဟမ်အနေဖြင့် ရီးယဲလ်ကစားသမားဘ၀ ပထမဆုံးလာလီဂါပွဲစဉ် (၇)ပွဲကစားရာတွင် (၆)ဂိုး အထိသွင်းယူနိုင်ခဲ့ခြင်းမှာလည်း စီရော်နယ်လ်ဒို၏ ရီးယဲလ်အသင်းစံချိန်အား လိုက်မီခဲ့ခြင်းဖြစ်ပြီး၊ ပထမဆုံးကစားသည့် လာလီဂါ (၇)ပွဲတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို (၅)ကြိမ်အထိရယူနိုင်ခဲ့ခြင်းမှာလည်း အသင်းသမိုင်း၏ အကောင်းဆုံးစွမ်းဆောင်ရည်မှတ်တမ်းဖြစ်ခဲ့ကြောင်းသိရသည်။
ဘယ်လင်ဟမ်သည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင်လည်း ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်း၏ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီး (၈ ကြိမ်၊ ၅ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး)နှင့် အတူ ပူးတွဲရပ်တည်နေပြီး၊ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲကစားရာတွင် (၇)ဂိုးအထိသွင်းယူကာအသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်းရပ်တည်လျက်ရှိသည်။
ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီကလည်း ဟီရိုနာအသင်းနှင့်ပွဲစဉ်မှ အသင်း၏စွမ်းဆောင်ရည်မှာ ပြီးပြည့်စုံလွန်းခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည်ဟီရိုနာအသင်းအားအနိုင်ရခဲ့ခြင်းကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ရှုံးပွဲမရှိသေးသည့် လက်ရှိ ချန်ပီယံ ဘာစီလိုနာအား တစ်မှတ်အသာရကာ ဦးဆောင်လျက်ရှိနေသည်။
ရီးယဲလ်အသင်း၏ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး အန်ဆယ်လော့တီက "နာချိုထုတ်ခံရတာလား။ ဒါကအရေးမကြီးမပါဘူး။ ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းဟာ အားလုံးပြီးပြည့်စုံအောင် ကစားသွားနိုင်ခဲ့ပါတယ်" ဟု ဟီရိုနာနှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
