ခရစ္စတယ်ပဲလေ့စ်အသင်း၏ ဝါရင့်နည်းပြ ရွိုင်းဟော့ဒ်ဆန်သည် မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ပရီးမီးယားလိဂ်(၅)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အင်္ဂလန်လက်ရွေးစင်အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးသည့် အင်္ဂလန်နည်းပြ ရွိုင်းဟော့ဒ်ဆန်(၇၆ နှစ်)သည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူ ဝ-၁ ခရစ္စတယ်ပဲလေ့စ်ပွဲတွင် အဆိုပါစံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ရွိုင်းဟော့ဒ်ဆန်သည် ၁၉၇၆ ခုနှစ်ကတည်းက နည်းပြလောကသို့ ဝင်ရောက်ခဲ့ပြီး ပရီးမီးယားလိဂ်၌ ဘလက်ဘန်း၊ ဖူလ်ဟမ်၊ လီဗာပူးလ်၊ ဝက်စ်ဘရွန်း၊ ခရစ္စတယ်ပဲလေ့စ်နှင့် ဝက်ဖို့ဒ် အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသည့်အတွက် မန်ယူအသင်းနှင့် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရသည့်ပွဲပေါင်းများစွာရှိခဲ့သည်။
ယင်းအနက် ခရစ္စတယ်ပဲလေ့စ်ကို နှစ်ကြိမ်ကိုင်တွယ်ခဲ့စဉ်နှင့် ဝက်ဖို့ဒ်အသင်းကို ကိုင်တွယ်ခဲ့စဉ်ကာလအတွင်း အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ပရီးမီးယားလိဂ်(၅)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး (၃)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ယခုနောက်ပိုင်းနှစ်များတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ဝေးကွာလာရပြီး ရုန်းကန်ရသည့်အခြေအနေရှိလာခဲ့သော်လည်း ရွိုင်းဟော့ဒ်ဆန်ကဲ့သို့ အခြားမည်သည့်နည်းပြမျှ စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။
ရွိုင်းဟော့ဒ်ဆန်သည် ယခုမှတ်တမ်းကို ခရစ္စတယ်ပဲေ့လစ်နည်းပြအဖြစ် ပထမအကြိမ်ဆောင်ရွက်စဉ် ၂၀၁၈ ခုနှစ်၌ အစပြုခဲ့ခြင်းဖြစ်ပြီး ဝက်ဖို့ဒ်နည်းပြအဖြစ် ၂၀၂၂ ခုနှစ်၌ ကာလတိုဆောင်ရွက်ချိန်တွင်လည်း အိုးလ်ထရက်ဖို့ဒ်ကွင်း၌ သရေရလဒ် ရယူနိုင်ခဲ့သည်။
ထို့နောက် ခရစ္စတယ်ပဲလေ့စ်နည်းပြအဖြစ် ဒုတိယအကြိမ်ဆောင်ရွက်ရာတွင် နိုင်ပွဲရယူကာ မှတ်တမ်းသစ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ရွိုင်းဟော့ဒ်ဆန်သည် အဆိုပါကာလအတွင်းတွင် မန်ယူအသင်း၏ နည်းပြ(၄)ဦးနှင့် ဆုံတွေ့ခဲ့ပြီး မော်ရင်ဟို၊ ဆိုးလ်ရှား၊ ရန်းနစ်နှင့် တန်ဟက်ဂ်တို့အားလုံးကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရွိုင်းဟော့ဒ်ဆန်သည် ပြီးခဲ့သည့် မတ်လတွင် ခရစ္စတယ်ပဲလေ့စ်အသင်းထံ တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပြီး အသင်းကို တန်းဆင်းအန္တရာယ်မှ လွတ်မြောက်အောင် ဦးဆောင်ပေးနိုင်ခဲ့သောကြောင့် လက်ရှိရာသီတွင် တစ်နှစ်စာချုပ်ဖြင့် ဆက်လက်လက်တွဲနေခြင်းဖြစ်သည်။
ယခုနောက်ဆုံးရလဒ်အရ ခရစ္စတယ်ပဲလေ့စ်အသင်းက မန်ယူအသင်းကို ကျော်ဖြတ်ကာ အဆင့်(၉)နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ မန်ယူအသင်းမှာမူ ပွဲစဉ်(၇)ပွဲ ကစားအပြီးတွင် ရှုံးပွဲ(၄)ပွဲအထိ ကြုံတွေ့ထားရသည့်အတွက် ဝေဖန်ပြစ်တင်မှုများစွာနှင့် ရင်ဆိုင်နေရသည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင် ပွဲသမိုင်းတစ်လျှောက် ပွဲစဉ်(၇)ပွဲ ယှဉ်ပြိုင်ပြီးချိန်၌ ရှုံးပွဲ(၄)ပွဲရှိခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
